တက်ဆင် ထိုင်းမြေပေါ်ခြေချ
.
သြဂုတ် ၂၂ ရက်၊ ၂၀၂၃
.
ယနေ့မနက်တွင် ကိုယ်ပိုင်ဂျက်လေယာဥ်ဖြင့် စင်ကာပူနိုင်ငံမှထွက်ခွာခဲ့ပြီး မနက် ၉ နာရီအချိန်တွင် ဒွန်မောင်းလေဆိပ်သို့ဆိုက်ရောက်ခဲ့သည်။
.
ထိုင်းလူဝင်မှုတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်ခံထားရသော တက်ဆင်ကို လာရောက်လက်ခံခဲ့ပြီး ထိုင်းတရားရုံးချုပ်သို့ ခေါ်ဆောင်သွားသည်။
.
တရားရုံးချုပ်မှတဆင့် ဗန်ကောက်အကျဥ်းထောင်သို့ဆက်လက်ခေါ်ဆောင်သွားမည်ဖြစ်ပြီး ဝရမ်းစည်းကမ်းအရ အကျဥ်းထောင်တွင် အကျဥ်းသား အမည်စာရင်းပေးသွင်းရမည်။
.
အကျဥ်းထောင်တွင် ၄ ရက် ၅ ရက်ခန့် ထိန်းချုပ်ခံထားရမည်ဖြစ်ပြီး ဆရာဝန်အဖွဲ့၏သဘောထားအရ ကျန်းမာရေးအကြောင်းပြချက်ဖြင့်အိမ်ပြန်ခွင့်ရရှိနိုင်သည်။
.
သူ၏မိသားစုဝင်များက ထိုင်းဘုရင်ထံ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားနိုင်သည်။
.
.
Photo: The Standard
.