ထိုင်းနိုင်ငံတွင် ပထမဆုံးအသက်သေဆုံးသည့် အိုမီခရွန်လူနာ ရှိလာ။ ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီးနောက် အသက်သေဆုံးသည့်ပထမဆုံးလူနာတစ်ဦးစတင်ရှိလာပြီး သေဆုံးသူသည် ထိုင်းနိုင်ငံတောင်ပိုင်း စုန်ခလာခရိုင်တွင်နေထိုင်သူ အသက် ၈၆ နှစ်ရှိသက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်ဟု စုန်ခလာခရိုင် ပြည်သူ့ကျန်းမာရေးရုံးမှထုတ်ပြန်ထားချက်ကို ထိုင်းကူးစက်ရောဂါဦးစီးဌာနမှ တဆင့်ဖော်ပြထားသည်။ …