ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုချာ အပါဝင် ထိုင်းဝန်ကြီးများအစည်းဝေးမှာ ထိုင်းနိုင်ငံတွင်းရှိ “အနီရင့်ရောင်”သတ်မှတ်ထားတဲ့ ခရိုင်တွေကို သြဂုတ်လ ၃၁ ရက်နေ့အထိလော့ခ်ဒေါင်းဆက်ချဖို့ သဘောတူခဲ့ကြပါတယ်။လော့ခ်ဒေါင်းကာလကို ထပ်မံတိုးထားပေမယ့် ပြန်လည်ဖွင့်ခွင့်ရတဲ့လုပ်ငန်းတချို့နဲ့လုပ်ငန်းတချို့ကိုလဲဖြေလျှော့ခွင့်ပေးထားပါတယ်။ ည ၉ နာရီကနေ့ နံနက် ၄ နာရီအထိ အပြင်သွားလာခြင်းကိုဆက်လက်ရှိနေဦီးမှာပါ။ …