10 January 2026

ဩဂုတ် ၁၉ ရက် ၂၀၂၁

 

ကိုဗစ်-၁၉ အကျပ်အတည်းကာလတွင် စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် မြို့တော်ဗန်ကောက်နယ်မြေအတွင်းရှိ မြန်မာလုပ်သား ၄၀ နီးပါးကို

အလုပ်သမားသံအရာရှိရုံးမှ အခြေခံစားသောက်ကုန်များသွားရောက်ထောက်ပံ့။

 

ထိုင်းနိုင်ငံတွင် အတောမသတ်နိုင်သေးသည့် ကိုဗစ်-၁၉ တတိယလှိုင်းရိုက်ခတ်မှုကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေသည့် မြို့တော်ဗန်ကောက်၊

ချာရုံကရုန် ၁၀၃ လမ်းရှိ မြန်မာကျပန်းလုပ်သား ၃၀ ဦး နှင့် ဘန်ခုံထီယန်မြို့နယ်၊ ဘန်ခုံထီယန်-၁၄ လမ်းတွင်နေထိုင်သည့် ဆောက်လုပ်ရေးအလုပ်

သမား ၉ ဦးတို့ကို ဗန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိ ဦးသူရိန်လင်းနှင့် ဦးဝေမင်းအိမ်တို့က ဆန်၊ ငါးသေတ္တာ၊

ခေါက်ဆွဲခြောက်ပါဝင်သည် ရိက္ခာထုပ် ၃၉ ထုပ်နှင့်ငါးပိကြော်တချို့ကို သွားရောက်ပေးဝေခဲ့သည်ဟု အလုပ်သမားသံအရာရှိရုံး လူမှုကွန်ရက်

စာမျက်နှာတွင် ဖော်ပြထားသည်။

 

အဆိုပါ အခြေခံစားသောက်ကုန်များကို Foreign Worker Employment Agency Mungmee (2557) Co., Ltd. ကုမ္ပဏီမှလှူဒါန်းထားသည်ဟု

ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS