2 May 2024

ဝက် DNA တွေ့ရှိသည့် အမဲသားအသားလုံးဘရန်းကို ဘာသာဝင်များမစားသုံးကြရန် ထိုင်းနိုင်ငံအစ္စလာမ်ဗဟိုကောင်စီရုံး ထုတ်ပြန်။

 

အင်.စီ.ဖွတ် ကုမ္ပဏီမှ နမ်ချိုင် (นำชัย) အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ထားသော အမဲသားအသားလုံးများကိုသိပ္ပံနည်းပညာဖြင့်စစ်ဆေးရာတွင် ဝက် DNA တွေ့ရှိရ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယင်းကုမ္ပဏီမှထုတ်လုပ်ထားသော ထုတ်ကုန်အားလုံးကို စားသုံးခြင်းမပြုရန် ထိုင်းနိုင်ငံအစ္စလာမ်ဗဟိုကောင်စီရုံးကဇန်နဝါရီ ၁၀ (၂၀၂၂) ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။

 

အင်.စီ.ဖွတ် ပရိုဒတ်ရှင်းကုမ္ပဏီမှထုတ်လုပ်ထားသော ထုတ်ကုန်များသည် ဟာလာ (Halah) ထောက်ခံချက်ရရှိထားပြီး ထောင်ခံချက်အမှတ် 31 0113 113 01ㆍ ㆍ461 ဖြစ်သည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS