26 April 2024

,

ယမန်နေ့ညနေမှာအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မြန်မာအသင်းနဲ့ ဗီယက်နမ် အသင်း တို့ရဲ့ပွဲစဉ်မှာ ၂ ဂိုးစီသရေကျခဲ့တဲ့အတွက် မြန်မာအသင်းအနေနဲ့အုပ်စုအဆင့် ၄ သာစွမ်း ဆောင်နိုင်ခဲ့တာကြောင့် အုပ်စုအဆင့်နဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို ၁-၀ ဖြင့်အနိုင်ရရုံနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပေမဲ့ သရေကျခဲ့တဲ့အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လက်မှတ်နဲ့အလှမ်းဝေးခဲ့ပြန်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၂ အာရှဖလားပြိုင်ပွဲမှာ အာရှအသင်းကြီးများဖြစ်တဲ့ ဂျပန်၊ တောင်ကို ရီးယားအပါအဝင် ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ ဗီယက်နမ်အသင်းတို့နဲ့အတူ အုပ်စု (ဂ) မှာ ကျရောက် ခဲ့ပြီး ဂျပန်အသင်းကို ၅-၀ ဂိုး၊ တောင်ကိုရီးယားအသင်းကို ၂-၀ ဂိုးအရေးနိမ့်ခဲ့ပြီး ဗီယက်နမ်အသင်း ကို ၂-၂ ဂိုးနဲ့သရေကျခဲ့တာကြောင့် ရမှတ် ၁ မှတ်၊ ရဂိုး ၂ ဂိုး၊ ပေးဂိုး ၉ ဂိုးစွမ်းဆောင်နိုင်ခဲ့တာကြောင့် အမှတ်တူပေမဲ့ ရဂိုး-ပေးဂိုးအသာနဲ့ ဗီယက်နမ်အသင်းက ကွာတားတက်နိုင်ခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS