10 May 2024

ထိုင်းအချုပ်ခန်းထဲတွင် မြန်မာနိုင်ငံသားတစ်ဦးသေဆုံး

 

 

ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဖပရဒဲမြို့နယ်မှာ ​အချုပ်ခန်းထဲက မြန်မာနိုင်ငံသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားမှာ အချုပ်ခန်းထဲမှာနေပြီး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရလို့ ဝတ်ထားတဲ့ ဘောင်းဘီကြိုးနဲ့ အချုပ်ခန်းနံရံကို ချည်နှောင်ကာ မိမိကိုယ် အဆုံးစီရင်သွားတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြထားပါတယ်။ ဒီကနေ့ နံနက် ၃ နာရီအချိန်မှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

 

 

မြန်မာနိုင်ငံသားမှာ မူးယစ်ဆေးဝါးမှုနဲ့ တရားမဝင် ဝင်ရောက်မှုဖြင့် နိုဝင်ဘာလ ၂၀၂၁ ကတည်းက အဖမ်းခံရတယ်လို့ သိရပါတယ်။ သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးဆောင်ရွက်ဖို့ ရဲဌာနချုပ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

Photo: ต้นปราการ ฅนข่าว

#MingalaparTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif #BKK #Covid19TH #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS