29 April 2024

စမွတ်ပရာကန်ခရိုင်၊ ဘန်ပလာမြို့နယ်ရှိ ဆောက်လုပ်ရေးခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားဦးရေ ၅၀ ကျော် ရန်ဖြစ်ခဲ့ ကြရာ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထား !

 

 

 

၂၀၂၂ ဖေဖေါ်ဝါရီလ ၆ ရက် ည ၈.၃၀ အချိန်ခန့် က စမွတ်ပရာကန်ခရိုင်၊ ဘန်ပလာမြို့နယ်ရှိ ဆောက်လုပ်ရေးခွင် တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်း-မြန်မာ-ကမ္ဘောဒီးယား ၃ နိုင်ငံအလုပ်သမားတွေ အဖွဲ့လိုက်ရန်ဖြစ်ခဲ့ကြရာ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး အဲဒီရန်ပွဲကို ရဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ထိန်းချုပ်တာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။

 

 

ဒဏ်ရာရသူတွေကို အလုပ်သမားခေါင်းဆောင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

ရန်ပွဲတွင် ဒဏ်ရာရခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးကို ထိုင်းရဲတွေက မေးမြန်းခဲ့ရာ ၎င်းက မြန်မာအလုပ် သမားတွေ အဖွဲ့လိုက် အရင် လာရောက်ထိုးကြိတ်တာကြောင့် သူတို့ပြန်လည်ချေပခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လို့ ထိုင်းရဲတွေက ကမ္ဘောဒီးယားနိုင်ငံသား ထွက်ဆိုချက်ကို တစ်ထစ်ချ ယုံကြည်မှုမရှိသေးပါဘူး အကြောင်းဆုံကို သိရဖို့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ရန်ဖြစ်သူ ကာယကံရှင်တွေကို ရဲစခန်းတွင် ထပ်မံစစ်ဆေးဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ရန်ပွဲအပြီးမှာတော့ ဆောက်လုပ်ရေးခွင်တစ်ခုလုံး ရစရာမရှိလောက်အောင် ပုလင်းခွံ၊ ခုံကျိုးအစတွေ ပြန့်ကျဲနေတာ ကိုတွေ့ခဲ့ရပါတယ်။

 

 

 

 

ขอบคุณภาพจาก : 77kaoded

SHARE THIS NEWS

OTHER NEWS