26 April 2024

နာတာရှည်ရောဂါတစ်ခုဖြစ်နေသော ထိုင်းတောင်သူလယ်မားများ၏ကြွေးမြီပြဿနာကို အစိုးရအဖွဲ့အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီးဖြေရှင်းပေးရန် အနယ်နယ်အရပ်ရပ်မှထိုင်းတောင်သူလယ် သမားများက မြို့တော်ဗန်ကောက်ရှိ ဝန်ကြီးချုပ်ရုံးရှေ့တွင် စုရုံးဆန္ဒပြ။

တောင်သူလယ်သမား၏နာတာရှည်ကြွေးမြီပြဿနာကို ယနေ့တွင်ကျင်းပမည့်အစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီးဖြေရှင်းပေရန် အနယ်နယ်အရပ်ရပ်မှတောင်သူလယ်သမားများပါဝင်သည့် ထိုင်းတောင်သူလယ်သမားကွန်ရက်က ယမန်နေ့တွင်ဘဏ္ဍာရေးဝန်ကြီးဌာနရုံးရှေ့မှနေ၍ ဝန်ကြီးချုပ်ရုံးရှေ့သို့ချီတက်ပြီး ဆန္ဒပြတောင်းဆိုခဲ့သည်ဟု ထိုင်းရတ်သတင်းဌာနတွင်ဖော်ပြထားသည်။

 

အစိုးရဘက်မှ တောင်သူလယ်သမားများ၏အခက်အခဲနှင့်ပတ်သက်ပြီး ဖြေရှင်းပေးခြင်းမရှိလျင် ၇ ရက်ကြာ ဆန္ဒပြ ဖိအားပေးသွားမည်ဟု ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS