9 May 2024

ပုဂ္ဂလိကအေဂျင်စီအကျိုးဆောင်ခကုန်ကျခြင်းမရှိစေရန် ထိုင်းလုပ်သားများကို ဆော်ဒီအာရေဗျနိုင်ငံသို့Government to Government (G to G ) ဟု လူသိများသော အစိုးရအချင်းချင်းချိတ်ဆက်သည့်စနစ်ဖြင့်စေလွှတ်မည်။

အရှေ့အလယ်ပိုင်းရှိ ဆော်ဒီအာရေဗျနိုင်ငံသို့ MoU စနစ်ဖြင့် ထိုင်းကျွမ်းကျင်လုပ်သားစေလွှတ်ရာတွင် လုပ်သားမျာက အေဂျင်စီအကျိုးဆောင်ခပေးဆောင်ရခြင်းမရှိစေရန် ပုဂ္ဂလိကအေဂျင်စီကုမ္ပဏီများကိုလုပ်ကိုင်ခွင့်မပြုဘဲ နှစ်နိုင်ငံအစိုးရအချင်းချင်းစီစဉ်ဆောင်ရွက်ပေးသည့် (G to G) စနစ်ဖြင့်စေလွှတ်မည်ဟု ထိုင်းအလုပ်သမားညွှန်ကြားရေးမှူးချုပ် ဘွန်ချော့ စူထမနတ်စဝန် က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် နေ့တွင် ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျရောက်ထိုင်းလုပ်သားများအတွက် ခံစားခွင့်နှင့်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအခွင့်အရေးများကို အပြည့်အဝကာကွယ်ပေးမည်ဟု သိရပြီး ငွေကြေးလိမ်လည်ခံရခြင်းမရှိစေရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံသို့သွားရောက်လုပ်ကိုင်ရန် တိုက်ရိုက်လာရောက်စည်းရုံးသူများကိုမယုံမှား မိကြရန် ညွှန်ချုပ်က သတိပေးသည်။

 

ဆော်ဒီအာရေဗျနိုင်ငံသို့ ထိုင်းကျွမ်းကျင်လုပ်သား ၈ သန်း အမြန်ဆုံးစေလွှတ်နိုင်ရန် ယခုလကုန်တွင်MoU လက်မှတ်ရေးထိုးသွားမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

ထိုင်းလုပ်သားခေါ်ယူလိုသည့်ဆော်ဒီအာရေဗျအလုပ်ရှင်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင်ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီး ထိုင်းနိုင်ငံအတွင်းရှိလုပ်သားစွမ်းရည်စစ်ဆေးရေးဌာနများကို ဝင်ရောက်လေ့လာခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံအနေဖြင့် လုပ်သားစွမ်ရည်မြှင့်တင်ပေးရန်နှင့်စစ်ဆေးရန်အတွက် နိုင်ငံတဝန်းတွင် အစိုးရနှင့်ပုဂ္ဂလိက လုပ်သားစွမ်းရည်မြှင့်တင်ရေးစင်တာ ၅၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ဆော်ဒီအာရေဗျနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် Spa အနှိပ်ခန်းလုပ်ငန်းများတွင် ထိုင်းလုပ်သားအများအပြားခေါ်ယူမည်ဟုဆိုသည်။

ဆော်ဒီအာရေဗျနိုင်ငံသို့သွားရောက်လုပ်ကိုင်လိုသည့်ထိုင်းလုပ်သားများအနေဖြင့် https://www.doe.go.th/overseas ဝဘ်ဆိုက်တွင်အမည်စာရင်းတင်သွင်းထားရမည်ဖြစ်ပြီးယနေ့အချိန်ထိ စာရင်းတင်ထားသူ ၃၀၀ ဦးကျော်ရှိပြီဟု ညွှန်ချုပ်က ဆိုသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS