26 April 2024

,

အသင်းဟောင်း တရတ် (Trad FC) အသင်းကို ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံခြင်းမပြုခဲ့တဲ့ဥဒေါင်းဌာနီတိုက်စစ်မှူးအောင်ကောင်းမာန်။

ယမန်နေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဥဒေါင်းဌာနီအသင်းနဲ့ တရတ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဥဒေါင်းဌာနီအသင်းတိုက်စစ်မှူး အောင်ကောင်းမာန်က ပွဲကစားချိန် ၃၆.၄၀ မိနစ်အချိန်မှာ ဘယ်တောင်ပံကတင်ပေးလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်ပြီး အသင်းအတွက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ အသင်းဟောင်းဖြစ်တဲ့ အ တွက် အောင်ပွဲခံခြင်းမပြုခဲ့ဘူးလို့ သိရပါတယ်။

တိုက်စစ်မှူးရဲ့ လူမှုကွန်ရက်အကောင့်မှာ “Silent” သို့ ကက်ရှင်ရေးပြီး ဂိုးသွင်းယူထားတဲ့ဗီဒီယိုကိုတင်ထားတာတွေ့ရပါတယ်။

ပွဲပြီးချိန်မှာတော့ ဇယားထိပ်က တရတ်အသင်းက ၁-၂ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

Thai League 2 အသင်းတစ်သင်းဖြစ်တဲ့ ဉဒေါင်းဌာနီအသင်းအနေနဲ့ ဒီရာသီမှာ ၂၃ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၃၅ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၆ မှာ ရပ်တည်နေပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS