28 April 2024

မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှာ ထိုင်းကို၀င်ရောက်ဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား ၄၀ ဦး ဖမ်းဆီးခြင်းခံရတယ်လို့ မဲဆောက်မြို့သတင်းတွေမှာဖော်ပြထားပါတယ်။

တရားမ၀င်မြန်မာနိုင်ငံသား ၄၀ ဦးမှာ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၁၂ ဦးပါ။ သူတို့ကို ဘန့်ဒွန်ချိုင် မယ်တောင်ကျေးရွာအုပ်စု မဲဆောက်မြို့နယ် တာ့ခ်ခရိုင်မှာ ဖမ်းမိတာလို့ သတင်းတွေအရ သိရပါတယ်။

မဲဆောက်အာဏာပိုင်တွေက ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးကို ကိုဗစ်၁၉ စစ်ဆေးမှုတွေပြုလုပ်ပြီးရင် ဥပဒေအရဆောင်ရွက်ရန်အတွက် မဲဆောက်ရဲစခန်းသို့ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – Mae Sot Media

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS