2 January 2026

မတ်လ ၁ ရက်၊ ၂၀၂၂

 

 

ဖေဖော်၀ါရီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့၀င် ၆၀ ခန့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို ၀င်လာပြီး ဘုန်းကြီးကျောင်းနဲ့ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ခေတ်သစ်မီဒီယာက ဖော်ပြထားပါတယ်။

 

 

“ရွာထဲမှာ အိမ်ခြေ ဘယ်နှလုံးလောင်လဲတော့ အတိအကျမသိရသေးဘူး။ လက်ရှိ သပြေအေးရွာရဲ့ အိမ်ခြေကတော့ ၂၃၀ ရှိတယ်။ ပြည်သူတစ်ဦး လက်နက်ကြီး ထိမှန်တယ်လို့တော့ ကြားတယ်။ အတည်မပြုနိုင်သေးဘူး” လို့ ဒေသခံတွေများထံက သိရပါတယ်။

 

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သပြေအေးကျေးရွအပါအဝင် ကျောက်ပြုတ်၊ မိုးကောင်း၊ အိုးဖိုရွာများရှိ ရွာသူ/သားများ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သတင်းအရ သိရပါတယ်။

Ref: Khit Thit Media

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS