3 May 2024

မတ်လ ၁ ရက် (၂၀၂၂)မှစ၍ ကိုဗစ်-၁၉ ရောဂါကို ဒေသဆိုင်ရာရောဂါ (Endemic) အဖြစ် သတ်မှတ် လိုက်သည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးအမြဲတမ်းအတွင်းဝန်ရုံးက ဖေဖော်ဝါရီ ၂၈ ရက်စွဲဖြင့်ထုတ်ပြန် ကြေညာထားသည်။

ကူးစက်ရောဂါဆိုင်ရာအရေးပေါ်ကြေညာချက်အပါအဝင် ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များကိုလည်း ရုပ်သိမ်းသွားမည်ဟု ဖော်ပြထားသည်။

 

 

ထိုင်းနိုင်ငံတွင် ကူးစက်ခံရသည့်အများစုမှာ အိုမီခရွန်မျိုးကွဲဖြစ်ပြီး ကူးစက်မှုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှုမရှိခြင်းကြောင့် ဆေးရုံများတွင်အပြင်လူနာအဖြစ်ကုသမှုပေးမည်ဖြစ်ပြီး ရောဂါလက္ခဏာမပြင်းထန်လျင် နေအိမ်တွင် Self Observation ပုံစံဖြင့်ကုသနိုင်သည်ဟု ဆိုသည်။

ရောဂါပိုးရှိမရှိကို ATK စနစ်ဖြင့်စစ်ဆေးနိုင်ပြီး ပိုးရှိခဲ့လျင် နီးစပ်ရာဆေးရုံနှင့်ကျန်းမာရေးဌာနထံအသိပေးပြီး နေအိမ်တွင်ကုသရမည်ဟု သိရသည်။

ဆေးကုသနည်းကို Favipiravir ကိုဗစ်သောက်ဆေးပြားဖြင့်ကုသခြင်း၊ ဖာ့ထလိုင်ကျွန် (ဆေးခါးကြီး)တိုင်းရင်ဆေးဖြင့်ကုသခြင်း၊ ရောဂါလက္ခဏာကိုလိုက်ပြီး ကုသခြင်း (အပူချိန်မြင့်ဖျားနာသူကို အပူကျ ဆေးပေးခြင်း။ နှာစေးသူကို နှာစေးပျောက်ဆေးပေးခြင်း၊ ချောင်းဆိုးသူကို ချောင်းဆိုးပျောက်ဆေးပေး ခြင်း) စသည့်ကုထုံးသုံးမျိုးဖြင့် ကုသပေးမည်ဟု ဆိုသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS