3 May 2024

စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၂

ဟာသလူရွှင်တော် ဟားငါကောင် ပါဝင်ဖျော်ဖြေတဲ့ မမများနဲ့ ပွဲကမယ် ပြည်သူ့အောင်ပွဲအငြိမ့်မှာ လူမှုကွန်ပေါ်ကနေ ဝင်ရောက်ကြည့်ရှူသူ ၄၀၀၀၀ ကနေ ၅၀၀၀၀ အထိရှိခဲ့ပါတယ်။

 

 

ထုတ်လွှင့်တဲ့ Page တွေကတော့ ဟားငါကောင်၊ We Love Myanmar Famlily. We Support MM. Khit Thit Media. Mizzima. D-Day Channel. Public Voice Television. မမ Project. Ye Min ပေါ်ကနေထုတ်လွင့်ပြသခဲ့တာပါ။

 

 

ပါဝင်ဖျော်ဖြေတဲ့ပညာရှင်များကတော့ ရှေ့ထွက်မင်းသမီး ဆောင်းဝတီ၊ ခေါင်းဆောင်မင်းသမီး စန်းနီလာဝင်းနှင့် လူရွှင်တော် တိုင်းကျော် တိုးကျော်၊ ဖိုးလေး၊ ဝိုင်းကျော်နှင့် ပြည်ကျော် ပါဝင်ခဲ့ကြပါတယ်။

ဒီပြည်သူ့အောင်ပွဲအငြိမ့်ဟာ တော်လှန်ရေးမှာတာဝန်ကျေလွန်းတဲ့ပြည်သူကို ဆုချတဲ့ပွဲ၊ စစ်ကောင်စီကိုနားရွက်တွံတွေးဆွတ်ပြတဲ့ပွဲ၊ တော်လှန်ရေးကာလ ပထမဆုံးအကြိမ် ခန်းခန်းနားနား တော်လှန်နေရင်းချပြလိုက်တဲ့ပွဲ။ ဘာပဲလုပ်လုပ်အကောင်းဆုံးပဲလုပ်ပေးချင်တဲ့ မမတို့အနေနဲ့ တော်လှန်မောင်နှမတွေစုစည်းအားနဲ့ အခက်ခဲကြားက အကောင်းဆုံးတစ်ခုဖန်တီးနိုင်ခဲ့တာပါ။

မမတို့ရဲ့နွေဦးတော်လှန်ရေးရဲ့ (၁) နှစ်ကျော်ကာလမှာ ဒီနေ့အခြေနေထိရောက်ရှိလာမှူဟာ ပြည်သူတွေရဲ့ အသိ၊ သတိရှိမှူတွေ၊ ပူးပေါင်းဆောင်ရွက်မှူ၊ နားလည်ယုံကြည်မှူနဲ့ အားပေးပံ့ပိုးမှူတွေကြောင့်ဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS