28 April 2024

မိုးထဲလေထဲမှာ ဒုက္ခခံစားနေကြရတဲ့ တရားမ၀င်မြန်မာနိုင်ငံသား ၁၄ ယောက်တွေ့တယ်။ မလေးရှားကိုသွားဖို့ သူတို့တွေပွဲစားခကို ၄၇,၅၀၀ ဘတ်လောက်ကုန်ကျခဲ့တယ်လို့ အဖမ်းခံရတဲ့သူတွေကပြေ…..

မတ်လ ၈ ရက်နေ့မှာ တရားမ၀င်လူတစ်စုကိုတောထဲမှာတွေ့ခဲ့တယ်လို့ သတင်းပေးပို့လာတဲ့အတွက် မူ ၄ ဟုန်နောင်အုပ်စု ရနောင်းမြို့နယ် ရနောင်းခရိုင်က အာဏာပိုင်တွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။

 

 

သက်ဆိုင်ရာအဖွဲ့အစည်းတွေ အခင်းဖြစ်တဲ့နေရာကိုရောက်တော့ မိုးထဲလေထဲမှာ ဒုက္ခခံစားနေကြရတဲ့ တရားမ၀င်မြန်မာနိုင်ငံသား ၁၄ ယောက်တွေ့တယ်လို့ ဒေသတွင်းမီဒီယာတွေကဖော်ပြထားပါတယ်။

 

 

မြန်မာနိုင်ငံသား ၁၄ ယောက်ကို သွားရောက်ဖမ်းဆီးတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးထွက်ရှိချက်အရ သူတို့တွေ မြန်မာနိုင်ငံ ရခိုင်နဲ့ရန်ကုန်ကနေလာခဲ့ကြတာဖြစ်ပြီး ကော့သောင်းဘက်ကို မတ်လ ၆ ရက်နေ့ကရောက်လာတယ်လို့ပြောပါတယ်။ အဲဒီနောက် ကော့သောင်းကနေ ထိုင်းကိုလှေနဲ့လာခဲ့ပြီး ရနောင်းခရိုင်ကနေမလေးရှားနယ်စပ်ကိုသွားမယ်လို့ သိရပါတယ်။

 

 

မလေးရှားကိုသွားဖို့ သူတို့တွေပွဲစားခကို ၄၇,၅၀၀ ဘတ်လောက်ကုန်ကျခဲ့တယ်လို့ အဖမ်းခံရတဲ့သူတွေကပြောပါတယ်။ ထိုနောက် မြန်မာနိုင်ငံသား ၁၄ ယောက်ကို ကိုဗစ်၁၉ စစ်ဆေးမှုတွေဆောင်ရွက်ပြီး ဥပဒေအရဆက်လက်အရေးယူဖို့ ရနောင်းရဲစခန်းက ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ – สวท.ระนอง

SHARE THIS NEWS

OTHER NEWS