14 May 2024

အာဏာရပါတီဘက်ကဝင်ပြိုင်တဲ့သမ္မတလောင်းကို အလှဲထိုးပြီး တောင်ကိုရီးယားအတိုက်အခံပါတီခေါင်းဆောင် ယွန်ဆက်ယို သမ္မတဖြစ်။

တောင်ကိုရီးယား နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာတော့ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီခေါင်း ဆောင် ယွန်းဆက်ယို အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်း အဖြစ်ဝင်ရောက်ယှဥ်ပြိုင်တဲ့ လီဂျေးမြောင် ကလည်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံသွားခဲ့ပြီး အနိုင်ရရှိသူကို ဂုဏ်ပြုစကား ပြောကြားလိုက် ပါတယ်။

 

 

တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေရဲ့ မဲရရှိမှုဟာ အပြတ်အသတ်ကွာခြား ခြင်းတော့ မရှိခဲ့ပါဘူး။ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ယွန်းဆက်ယိုက ၁ ရာခိုင်နှုန်း မဲအသာ ရရှိ ပြီး ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲမှာ မဲပေးမှုတွေလည်း များပြားခဲ့ပြီး၊ မဲပေးခွင့် ရှိသူ အားလုံးရဲ့ သုံးချိုးတစ်ချိုးမဲလာ ပေးခဲ့ကြတယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မစ္စတာ ယွန်းဟာ သူ့ကို အားပေးထောက်ခံသူတွေကိုလည်း ကျေးဇူးတင် စကားပြောကြားခဲ့ပါတယ်။

 

 

အမေရိကန် အိမ်ဖြူတော်ကလည်း တောင်ကိုရီးယား သမ္မတသစ်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကားပါးခဲ့ပါတယ်။

Ref : BBC

SHARE THIS NEWS

OTHER NEWS