26 April 2024

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းဘတ်ငွေနှင့်မြန်မာကျပ်ငွေတိုက်ရိုက်ပေးချေမှုဆောင်ရွက်ခွင့်ကို မြန်မာဘက်က A Bank နှင့် Kasikorn Bank ထိုင်းဘက်က တို့ လုပ်ကိုင်ခွင့်ရရှိ။

ထိုင်း-မြန်မာနယ်စပ်ဒေသများဖြစ်သည့် မြဝတီနှင့်တာချီလိတ်၌ ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုတွင် မြန်မာဘက်မှ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A Bank) နှင့်ထိုင်းဘက်မှ Kasikorn bank တို့ကလုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ ၁၂ ရက်တွင် သတင်း ထုတ်ပြန်သည်ဟု စံတော်ချိန်ဒစ်တယ်သတင်းဌာနကဖော်ပြထားသည်။

ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုတွင် စမ်းသပ်ကာလအဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်မှစတင်၍ သုံးလစမ်းသပ်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပြီး မြေပြင်တွင်ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြုအဖွဲ့အစည်းများဖွဲ့စည်းရေး၊ကုန်သည်လုပ်ငန်း ရှင်များသို့ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက် များအား ရှင်းလင်းခြင်းကို မတ်လ တတိယပတ်အတွင်းဆောင်ရွက်မည်ဖြစ်သည်။

 

 

ထို့ပြင် ဘတ်/ကျပ် ဈေးကွက်ငွေလဲလှယ်နှုန်းကို အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေစေရေးနှင့် ကုန်သွယ် မှုဆိုင်ရာ သတင်းအချက်အလက်များအား သတင်းပေးပို့တင်ပြပေးရန်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗဟိုဘဏ်ကဆိုသည်။

 

ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်လျှောက်တွင် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရန် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ်လ အစောပိုင်းတွင်ခွင့်ပြုပေးခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS