27 April 2024

မတ်လ ၃၀ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇွဲကပင်တောင်ပေါ်သို့ အမျိုးသားနဲ့အမျိုးသမီးအတူတက်သွားကြပြီ ပြန်ဆင်းလာချိန်မှာတော့ အမျိုးသားတစ်ဦးသာပြန်ဆင်းလာခဲ့ပါတယ်။ ထိုအမျိုးသားနဲ့အတူတောင်ပေါ်တက်သွားတဲ့ အမျိုးသမီးစီးလာတဲ့ ဆိုင်ကယ်လဲ လာယူသူမရှိဘူးလို့ Myanmar Rescue Organization – Hpa An ထံကသိရပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ကယ်ဆယ်ရေးတပ်ဖွဲ့တွေက မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့မှာရှာဖွေခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့အမျိုးသမီးကိုမတွေ့ခဲ့ပါ။ ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်မှာ ပျောက်ဆုံးနေတဲ့အမျိုးသမီးကို သေဆုံးလျှက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းနှင့်ပြန်ကြားရေး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ကအတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးမှာ ဇွဲကပင်တောင်ရဲ့ အထက်ရေတံခွန်ဘုရားလေးအနီး မရမ်းပင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။ရှာဖွေတွေ့ရှိချိန်တွင် အမျိုးသမီးကို သစ်ရွက်သစ်ခက်များဖြင့် ဖုံးအုပ်ထားပါတယ်။ အမျိုးသမီးရဲ့ဦးခေါင်းမှာတော့ ထိခိုက်ဒဏ်ရာတွေ တွေ့ရတယ်လို့ သိရပါတယ်။

ထိုနောက် ကယ်ဆယ်ရေးတပ်ဖွဲ့တွေက ဦးခေါင်းကြေမွဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုးသမီး၏ ရုပ်အလောင်းကို ဘားအံပြည်သူ့ဆေးရုံကြီးရဲ့ ရင်ခွဲရုံသို့ ကယ်ဆယ်ရေးသူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ*-ရဲသူရိန် ရဲသူရိန်

SHARE THIS NEWS

OTHER NEWS