3 May 2024

,

ကမ္ဘာ့အဆင့် ၃၃ မှာရပ်တည်နေတဲ့ နာမည်ကြီးဩစတြေးလျအသင်းကို ကမ္ဘာ့အဆင့် ၈၉ မှာရပ်တည်နေတဲ့ မြန်မာဖျက်မြင်းအသင်းက ၁-၆ ဂိုးနဲ့အသာစီးရယူ။

ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF Futsal Championship 2022 ပြိုင်ပွဲမှာ ယနေ့နေ့လယ် ၁၁ နာရီက အုပ်စုပွဲစဉ် ၂ အဖြစ် ဩစတြေးလျအသင်းနဲ့မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ၁-၆ ဂိုးဖြင့်အသာစီးရယူနိုင်ခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် မြန်မာအသင်းဟာ ၂ ပွဲကစားပြီးတောက် ၄ မှတ်ရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့် ကိုတက်လှမ်းဖို့အခြေအနေကောင်းမွန်နေတာဖြစ်ပါတယ်။

ထိုင်းနည်းပြချုပ် ဘန်လက် ချရိုဝမ် ဦးဆောင်လာတဲ့မြန်မာအသင်းဟာ ကစားပုံ၊ ကြံ့ခိုင်မှုနဲ့သက်လုံပိုင်းမှာ သိသိသာသာတိုးတက်လာခဲ့သလို ဗျူဟာကျကျခံစစ်ကစားမှုကလည်းအကောင်းဆုံးအနေအထားတစ်ခုကိုရောက်ရှိလာခဲ့တဲ့အပြင် တိုက်စစ်ပိုင်းမှာလည်း ဗျူဟာကျကျစနစ်တကျပြိုင်ဘက်အသင်းကိုသူတင်ကိုယ်တင်ကစားလာနိုင်တာတွေ့ရပါတယ်။

မြန်မာအသင်းအနေနဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကို မနက်ဖန်မှာ တီမော လက်စတေအသင်း နဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS