26 April 2024

ထိုင်းကိုဝင်လာတဲ့ MOU လုပ်သားတွေကို အရင်ဦးက ထိုင်းလဝက သူတို့မှာရှိတဲ့ စာရင်းနဲ့မြန်မာလုပ်သားတွေကိုင်ဆောင်ထားတဲ့စာအုပ်ထဲကအမည်တွေ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပါတယ်။

 

 

အဲဒီနောက် MOU လုပ်သားတွေ Work Permit ရဖို့ ထိုင်း DOE (ကျဟာငန်) တွေက စာရင်းယူတယ်။ လုပ်သားတွေကို ဓါတ်ပုံရိုက်တာတွေဆောင်ရွက်ပေးပါတယ်။

 

 

နောက်တဆင့်ကတော့ ကျန်းမာရေးအပိုင်းပါ။ ကျန်းမာရေးမှူးတွေက လုပ်သားတွေကို ကိုဗစ်၁၉ နှာခေါင်းထိုးစစ်ဆေးပါတယ်။ ရောဂါ ၆ မျိုးစစ်ဆေးဖို့အတွက် လုပ်သား( အမျိုးသား) ဆိုရင်ဆေးတိုက်ပါတယ်။ အမျိုးသမီးဆိုရင်တော့ ဆီးစစ်ပြီးမှ အဆိုပါဆေးကိုတိုက်ပါတယ်။

 

 

ဆေးသောက်ပြီးရင်တော့ ကိုဗစ်၁၉ လက္ခဏာစောင့်ကြည့်ရန်သတ်မှတ်တဲ့နေရာမှာ ၁၅ မိနစ်ထိုင်စောင့်ရပါတယ်။ အချိန်ပြည့်သွားပြီးဆိုရင် လုပ်သားတွေဆီးစစ်တဲ့အဆင့်ကိုဆက်လက်ဆောင်ရွက်ရပါတယ်။ ပြီးတော့ သွေးစစ်ရပါတယ်။ ဓါတ်မှန်ရိုက်ရပါတယ်။

အားလုံးအောင်မြင်ပြီးဆိုရင် ထိုင်းလဝက ဘက်ကဗီဇာထုတ်ပေးပါတယ်။ ဒါကတော့ ထိုင်းကိုဝင်လာတဲ့ MOU လုပ်သားတွေကို ထိုင်းဘက်ကဆောင်ရွက်ချက်တွေဖြစ်ပါတယ်။

Andrew KC ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS