27 April 2024

,

အသက် ၅၈နှစ်အရွက် မင်းသား Johnny Depp သည် ဇနီးဟောင်း Amber Heard ကို တရားစွဲပြီးနောက် ဟောလိဝုဒ်လောကထဲသို့ပြန်လည်ဝင်ရောက်လာပြီး ကမ္ဘာတစ် ဝှမ်းမှ ပရိသတ်များရဲ့အားပေးမှုရရှိခဲ့ပါတယ်။

မကြာသေးမီက Johnny Depp သည် သူရဲ့ပရိသတ်များအတွက်နောက်ထပ် surprise တစ်ခုကိုလုပ်ခဲ့ပါတယ်။ တနင်္လာနေ့ (ဇွန်လ ၆ ရက်) နေ့တွင် တရားဝင် tiktok အကောင့်တစ်ခုကိုဖွင့်ပြီး တစ်ရက်အကြာတွင် Follower အရေအတွက် ၃သန်း အထိလျှင်မြန်စွာခုန်တက်လာခဲ့ပါတယ်။

@johnnydepp အကောင့်တွင် ပထမဆုံး ဗီဒီယိုကလစ်တစ်ခုကိုတင်ခဲ့ပြီး သူရဲ့ ပရိတ်သတ်များကြည့်ရှုမှုအရေအတွက်သည် ၁၀သန်းအထိရှိလာခဲ့ပါတယ်။ Like အရေအတွက်မှာ ၄သန်းနီးပါးရှိပြီး ထိုဗီဒီယိုကိုမှတ်ချက်ပေးသူ ၂သိန်းကျော်ရှိလာ ပါတယ်။ Johnny Depp ကနေပြီးတော့ အားပေးတဲ့ပရိသတ်များအားလုံးကို ကျေးဇူး တင်စကားပြောကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS