27 April 2024

ဇူလိုင် ၆ ရက်၊ ၂၀၂၂

တရားမဝင်လုပ်သား ၁ သိန်းကျော်ကို ဘတ်သစ်ရိုက်ပေးရန်ဖွင့်ပေးမည်ဟု ဇူလိုင်လ ၅ ရက် ၂၀၂၂ ခုနှစ်နေ့တွင် ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူမှ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲရေးနှင့်ပတ်သက်တဲ့ ကက်ဘိနက်များအစည်းအဝေးပြီးတဲ့နောက် အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်လျက်ရှိသော တရားမဝင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ဗီယက်နမ် လုပ်သားများကို ဘတ်ကတ်ပြုလုပ်ပေးရန် ထိုင်အစိုးရအဖွဲ့ထံမှာ ခွင်ပြုမိန့်ရရှိပြီလို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့တာပါ။

တရားမဝင်လုပ်သားလူဦးရေအားဖြင့် ၁၂၀,၀၀၀ ဦးရှိပြီး၊ တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန် ဘတ်သစ်ကိုရိုက်ပေးမှာဖြစ်ပြီး ပထမတစ်ကြိမ်လျှင် ၁၃ ဖေဖော်ဝါရီလ ၂၀၂၃ အထိသက်တမ်းရရှိမှာဖြစ်ပြီး၊ ဆက်လက်နေထိုင် လုပ်ကိုင်လိုပါက ၁၃ ဖေဖော်ဝါရီ ၂၀၂၅ အထိ သက်တမ်းတိုးနေထိုင်လုပ်ကိုင်ခွင့်ပြုပေးထားပြီး၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနရဲ့ အစီအမံအတိုင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ထို့အတူ ထိုင်းမှာတရားဝင်နေထိုင်လုပ်ကိုင်ပြီး လူဦးရေအားဖြင့် ၁,၆၉၀,၀၀၀ ဦးရဲ့ သက်တမ်းကုန်တော့မည့်အထောက်အထားတွေကိုလဲ၂၉ ဒီဇင်ဘာ ၂၀၂၀ ခုနှစ်၊ ၁၃ ဇူလိုင် ၂၀၂၁ ခုနှစ်နှင့် ၂၈ စက်တင်ဘာ ၂၀၂၁ ခုနှစ်တွင် သက်တမ်းပြုလုပ်တဲ့အထောက်အထားများကိုလဲ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ရန်အတွက် ၁၃ ဖေဖော်ဝါရီ ၂၀၂၅ အထိ သက်တမ်းတိုးခွင့်ပြုထားပါတယ်။

တရားမဝင်လုပ်သားတွေ ဘတ်သစ်စတင်ရိုက်တော့မယ်ဆိုရင် အလုပ်ရှင်ရှိရမှာဖြစ်ပါတယ်။ ထိုနောက် အလုပ်ရှင်မှအလုပ်အကိုင်ရှာဖွေရေးရုံးများတွင် အမည်စာရင်း (Name list) တင်သွင်းထားရမည်ဖြစ်ပြီး၊ ထို့နောက် အလုပ်လုပ် ခွင့်လက်မှတ်လျှောက်ထားမှုကို ရက်ပေါင်း ၆၀ အတွင်းဆောင်ရွက်ထားရှိရမှာဖြစ်ပါတယ်။

လုပ်သားအမည်စာရင်းတင်ခအတွက် ၁၀၀ ဘတ် နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခအတွက် ၉၀၀ ဘတ် စုစုပေါင်း ၁၀၀၀ ဘတ် အရင်ကုန်ကျမှာဖြစ်ပါတယ်။ အဲဒီနောက် တရားမဝင်လုပ်သားတွေအနေနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရရှိသည်အထိ ငွေချေပြေစာကိုအစားထိုး ကိုင်ဆောင်ထားရမှာဖြစ်ပါတယ်။

မည်သို့ဆိုစေ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာနတို့၏ အမိန့်စာထွက်ပြီးမှ အမည်စာရင်း (Name list) များကို စတင်လို့ရမှာပါ။ ဘတ်သစ်ရိုက်ဖို့ဆောင်ရွက်ရမယ့် အဆင့်ဆင့်ကိုလဲ အသေးစိတ်ဖော်ပြထားခြင်း မရှိသေးသလို၊ ထ်ိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဝန်ကြီးဌာနဘက်က ထုတ်ပြန်လာမည့် အသေးစိတ်ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS