6 May 2024

ဇူလိုင် ၁၄ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ယောက်က ဩဇာညောင်းတဲ့ ရနောင်းလွှတ်တော်အမတ် လက်ထောက်၏ ဖခင်ကို ပြန်ပေးစွဲခေါ်ဆောင်သွားကာ ခြေလက်ကို ကြိုးချည်ထားပြီး ရေတွင်းထဲပစ်ချသတ်လိုက်တယ်လို့သိရပါတယ်။

ပြန်ပေးစွဲသွားတဲ့အချိန်မှာ ငွေကြေးတောင်ခံမှုတွေရှိတယ်ဆိုပေမယ့်၊ ပါကျရဲစခန်းရဲ့ စစ်ဆေးချက်ထဲမှာတော့ သေဆုံးသူဟာ ဇူလိုင်လ ၈ ရက်နေ့ကတည်းက သေဆုံးနေတာဖြစ်ပြီး၊ ဘတ် ၈ သိန်းခြိမ်းခြောက်တောင်းခံလာတဲ့နေ့က ဇူလိုင်လ ၉ ရက်နေ့ဖြစ်နေတာကြောင့် ပြန်ပေးဆွဲခံထားရတဲ့သူက သေနေပြီဖြစ်တဲ့အတွက် ဘာကြောင့်ငွေကြေးတောင်းခံမှုတွေရှိနေသေးလဲဆိုတာ ရဲစခန်းတွေက ဆက်လက်စုံစမ်းမှုတွေဆောင်ရွက်နေပါတယ်။

လူသတ်တဲ့တရားခံကိုရှာဖွေတဲ့နေရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀ ကျော်စစ်ဆေးခဲ့ပြီး၊ သံသယရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ယောက်ကိုဖမ်းထားပြီး ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ အဖမ်းခံရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားက လူသတ်မှုနဲ့ပတ်သက်ပြီး သူမသိခဲ့ကြောင်းခဲ့ ငြင်းဆိုခဲ့ပေမယ့် ရဲစခန်းကသူ့ကိုလွတ်မပေးသေးဘဲ တစ်ရက် ၁၀ နာရီထက်မနည်းစစ်ဆေးနေပါတယ်။

လက်ရှိအချိန်ထိမြန်မာရွှေ့ပြောင်းလုပ်သား ၂၆ ယောက်နဲ့ ထိုင်းနိုင်ငံသား ၂ ယောက်ကို စစ်ဆေးခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးရသတင်းအနေနဲ့ကတော့ သေဆုံးသူ နိုင်ထနု ကိုသတ်ဖို့ ထိုင်းအမျိုးသမီး ၁ ယောက် မြန်မာရွှေ့ပြောင်းလုပ်သားကို ငွေပေးခိုင်းလိုက်တာလို့ သိရပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားကို ငွေပေးသတ်ခိုင်းလိုက်တဲ့ ထိုင်းအမျိုးသမီး ၁ ယောက်က နိုင်ထနု မသေခင်ကတည်းက ပလီပလာတွေရှိခဲ့ပြီး နောက်ဆုံးတော့အဆင်မပြေမှုတွေဖြစ်လာလို့ အငြိုးထားသတ်ခိုင်းလိုက်တာလို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ သေဆုံးသူ နိုင်ထနု ရဲ့ သားဖြစ်သူကလဲ သူအဖေဟာမိန်းမကိစ္စနဲ့ အသတ်ခံရတာဖြစ်နိုင်ခြေများတယ်လို့ ပြောပါတယ်။

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင် ကရပူရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်အမတ်နဲ့ ဆက်နွှယ်တဲ့ အသက် ၈၀ ကျော်ရွယ် ရာဘာခြံပိုင်ရှင်သက်ကြီးရွယ်အိုတယောက် အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာ အလုပ်သမား ၂၀ ဦးထက်မနည်းဖမ်းဆီးစစ်ဆေးနေပြီး၊ နောက်ထပ် ထိုင်းလင်မယား နှစ်ယောက်နဲ့ ငွေတောင်းတဲ့မက်ဆေ့ချ်ပို့လာတဲ့ ဖုန်းပိုင်ရှင် မြန်မာအလုပ်သမား ၁ ယောက် ထပ်မံဖမ်းဆီးခံထားရပါတယ်။

အသတ်ခံရတဲ့ နိုင်းထနူး ကျိုင်ဒီဟာ ဒေသထဲမှာ ဩဇာညောင်းတဲ့ ရနောင်းလွှတ်တော်အမတ် လက်ထောက် နိုင်းထဝပ်ကျိုင်ဒီနဲ့ ပတ်ကျန်အုပ်စုစီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း ဘွန်းချွယ့် တို့ရဲ့ ဖခင် ဖြစ်ပါတယ်၊။

သေဆုံးသွားတဲ့ နိုင်ထနု ဟာရာဘာခြံထဲမှာဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ နှစ်ပေါင်း ၂၀ ကျော် အေးချမ်းစွာ နေထိုင်လာကာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က နေအိမ်နဲ့ မလှမ်းမကမ်း တွင်းဟောင်းတစ်ခုထဲမှာ ထုနှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့အလောင်းကို တွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS