4 May 2024

ဇူလိုင် ၁၈ ရက်နေ့မှာ စစ်ကောင်စီက တိုင်းပြည်တွင်းက ဒေါ်လာလက်ကျန်တွေကို မြန်မာကျပ်ငွေနဲ့မဖြစ်မေန လဲလှယ်ခိုင်းလိုက်ပြီးတဲ့နောက် မြန်မာ့စီးပွားရေဟာ နောက်ဆုတ်နေတဲ့ဘက်ကိုဦးတည်နေတဲ့အတွက် ဒေဝါလီခံဖို့ နီးကပ်နေတယ်လို့ ထိုင်းသတင်းများက အပြိုင်အဆိုင်ဖော်ပြနေပါတယ်။

မြန်မာကျပ်ငွေစျေး ကျဆင်းနေတာကို ပြန်နာလန်ထူအောင် လုပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ မြန်မာဗဟိုဘဏ်က နိုင်ငံခြား ကြွေးမြီ ယူထားတဲ့ မြန်မာနိုင်ငံသား စီးပွားရေးကုမ္ပဏီဖြစ်စေ၊နိုင်ငံခြားသား စီးပွားရေးကုမ္ပဏီ ဖြစ်စေ အဲဒီချေးငွေတွေကို အတိုး၊ အရင်း လတ်တလော ပြန်မဆပ်သေးဘဲ ဆိုင်းငံ့ထားဖို့အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သောလုပ်ငန်းများကို ကျပ်ငွေကိုင်ဆောင်ရန် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် (၂၀၂၂) ညွှန်ကြားခဲ့တာပါ။

အဆိုပါညွှန်ကြားချက်မှာ နိုင်ငံခြားသို့ငွေစီးဆင်းမှုကိုထိန်းချုပ်ရန်၊ ကျပ်ငွေတည် ငြိမ်မှုကိုထိန်းသိမ်းထားရန်၊ သုံးပုံပုံ ၁ ပုံကျဆင်းလာသော နိုင်ငံခြားအရန်ငွေအခက်အခဲကိုဖြေရှင်းရန် စသည့်ရည်ရွယ်ချက်များဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြချက်ထဲတွင် သိရပါတယ်။

ထို့နောက် မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပကုမ္ပဏီများ ပြည်ပမှချေးယူထားသည့် ငွေပမာဏမှာ အမေရိ ကန်ဒေါ်လာ ၁.၆၈ ဘီလီယံအထိရှိပြီး ထိုအထဲတွင် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo Myanmar Ltd၊ City Square Commercial ကုမ္ပဏီ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများ ၊ Apollo Towers Myanmar Ltd နှင့် Irrawaddy Green Towers Ltd အစရှိသည့် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းများလည်း ပါဝင်သည်ဟု ဆက်လက်ဖော်ပြထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Myanmar Celebrity Tv Club

SHARE THIS NEWS

OTHER NEWS