14 May 2024

သြဂုတ် ၁၅ ရက်၊ ၂၀၂၂

ထိုင်းတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားနေတဲ့ ကာလတွင် ပွဲတော် တော်တော်များများရပ်နားခဲ့ရပါတယ်။ ထို့အတူထိုင်းရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရိုးရာဓလေ့ပွဲတော်များလဲ ကျင်းပခွင့်မရခဲ့ကြပါဘူး။

 

 

ထိုကြောင့် တကျော့ပြန် ကျင်းပခွင့်ရတဲ့ပွဲတော်တွေမှာ လူတဆတိုးတက်ရောက်လာကြတာတွေ့ရပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပတဲ့ ကရင်ချည်ဖြူဖွဲ့ ပွဲကို လူ ၅ ထောင်ခန့်တက်ရောက်လာတယ်လို့ သွားရောက်တဲ့သူတစ်ဦးထံက သိရပါတယ်။

 

 

“ဒီပွဲကိုလာကြတဲ့ လူဦးရေကတော့ ၅ ထောင်လောက်ရှိမယ်ထင်တယ်။ မကျင်းပဖြစ်တာလဲကြာပြီလေ၊ အဲဒါကြောင့်လူတွေက သတိရပြီးလာကြတယ်ထင်တယ်။ ယခင်ကပွဲတွေထက် ပိုများတယ်လို့ ပြောလို့ရပါတယ်။ အဲဒီတစ်ရက်ထဲမှာ ၂ နေရာကျင်းပတယ်ဆိုပေမယ့် လာရောက်တဲ့ လူဦးရေကတော့ များတယ် “လို့ Myanmar Live ကို ပြောပါတယ်။

 

 

အဲဒီနေ့တွင် ဝါခေါင်လ ကရင်ချည်ဖြူဖွဲ့ပွဲတော် ကျင်းပတဲ့နေရာကတော့ နခွန်အင်ဘုန်းတော်ကြီးကျောင်းနဲ့ လန်းအင်ထရာ တွင် ကျင်းပခဲ့ကြီပြီး တက်ရောက်သူအများအပြားရှိခဲ့ကြောင်း သိရပါတယ်။

 

 

ဓါတ်ပုံ – OKRSO

SHARE THIS NEWS

OTHER NEWS