စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၂
ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင် နဝနခွန်မြို့နယ်ထဲမှာရှိတဲ့ အီလက်ထနောနစ်ရုံက အလုပ်သမားတွေကိုကြိုတင်အကြောင်းကြားထားတာမရှိဘဲ အလုပ်ကနေထုတ်ပစ်တာတွေလုပ်နေတယ်လို့ အလုပ်ထုတ်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများထံကသိရပါတယ်။
“စက်ရုံကစရောက်လာတဲ့လူသစ်တွေကို အလုပ်ထုတ်တယ်။ အဲဒါနဲ့ လူဟောင်းတွေကမကျေနပ်လို့ လူစုဆန္ဒပြကြတယ်၊ အထဲကိုပေးမဝင်ဘူး၊ ပုလိပ်တွေလဲခေါ်ထားတယ်။ အထဲကလူလဲပေးမထွက်ဘူး။ ကိုရဲမင်းကိုဆက်သွယ်အကူညီတောင်းထားတယ်” လို့ဆန္ဒပြတဲ့နေရာတွင် မြန်မာအမျိုးသမီးတစ်ယောက်ထံကသိရပါတယ်။
စက်ရုံကထိုင်းနဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ခန့်ကိုအလုပ်ကနေထုတ်လိုက်လို့ အကူညီတောင်းလာတယ်။ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ညွှန်ကြားတာဝန်ပေးအပ်မှုအရ ကိုရဲမင်း ဦးဆောင်တဲ့ AAC မဟာမိတ်အဖွဲ့ မှ အခြားမိတ်ဖက်အဖွဲ့အစည်းများအပါဝင်၊ ထိုင်းအာဏာပိုင်များထံ သတင်းပို့ချိတ်ဆက်တာတွေလုပ်ပြီး၊ အလုပ်သမားများအခက်အခဲပြေလည်ရေး ကူညီဆောင်ရွက်ပေးနေပါတယ်။ Ye Min ကဖော်ပြထားပါတယ်။
“အလုပ်က လုပ်နေရင်းနဲ့အလုပ်ပြုတ်သွားတယ်ဆိုတော့ အလုပ်သမားတွေရဲ့ခံစားချက်ကိုနားလည်တယ်။ အလုပ်သမားတွေကိုအလုပ်ဖြုတ်တယ်။ နစ်နာကြေးပေးတယ်။ အစစအရာအရာဥပဒေအရဆောင်ရွက်ပေးတယ်ဆိုပေမယ့်။ အလုပ်ကနေထုတ်ခံရတဲ့ခံစားချက်ကို ဘယ်သူမှ နားမလည်ကြဘူး” လို့ ကိုရဲမင်း ကပြောပါတယ်။
၄င်းစက်ရုံမှာ အမျိုးသမီးသီသန့်လုပ်ကိုင်နေတဲ့စက်ရုံဖြစ်ပြီး၊ စရောက်လာတဲ့လူသစ်တွေကို အလုပ်ကနေထုတ်ပစ်တာမျိုးလုပ်တာကြောင့် AAC ထံ စက်ရုံအလုပ်သမားတွေကဆက်သွယ်အကူညီတောင်းလိုက်တာဖြစ်ပါတယ်။
ကိုချစ် ဇွဲကပင်မြေ
ဓါတ်ပုံ – Ye Min