10 May 2024

စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ ပါထုန်ဌာနီခရိုင် နဝနခွန်မြို့နယ်ထဲမှာရှိတဲ့ အီလက်ထ​နောနစ်ရုံက အလုပ်သမားတွေကိုကြိုတင်အကြောင်းကြားထားတာမရှိဘဲ အလုပ်ကနေထုတ်ပစ်တာတွေလုပ်နေတယ်လို့ အလုပ်ထုတ်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများထံကသိရပါတယ်။

 

 

“စက်ရုံကစရောက်လာတဲ့လူသစ်တွေကို အလုပ်ထုတ်တယ်။ အဲဒါနဲ့ လူဟောင်းတွေကမကျေနပ်လို့ လူစုဆန္ဒပြကြတယ်၊ အထဲကိုပေးမဝင်ဘူး၊ ပုလိပ်တွေလဲခေါ်ထားတယ်။ အထဲကလူလဲပေးမထွက်ဘူး။ ကိုရဲမင်းကိုဆက်သွယ်အကူညီတောင်းထားတယ်” လို့ဆန္ဒပြတဲ့နေရာတွင် မြန်မာအမျိုးသမီးတစ်ယောက်ထံကသိရပါတယ်။

 

 

စက်ရုံကထိုင်းနဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ ခန့်ကိုအလုပ်ကနေထုတ်လိုက်လို့ အကူညီတောင်းလာတယ်။ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ညွှန်ကြား​တာဝန်ပေးအပ်မှုအရ ကိုရဲမင်း ဦး​ဆောင်​တဲ့ AAC မဟာမိတ်အဖွဲ့ မှ အခြားမိတ်ဖက်အဖွဲ့အစည်းများအပါဝင်၊ ထိုင်းအာဏာပိုင်များထံ သတင်းပို့ချိတ်ဆက်တာတွေလုပ်ပြီး၊ အလုပ်သမားများအခက်အခဲ​ပြေလည်​ရေး ကူညီ​ဆောင်ရွက်​ပေး​နေပါတယ်။  Ye Min ကဖော်ပြထားပါတယ်။

 

 

“အလုပ်က လုပ်နေရင်းနဲ့အလုပ်ပြုတ်သွားတယ်ဆိုတော့ အလုပ်သမားတွေရဲ့ခံစားချက်ကိုနားလည်တယ်။ အလုပ်သမားတွေကိုအလုပ်ဖြုတ်တယ်။ နစ်နာကြေးပေးတယ်။ အစစအရာအရာဥပဒေအရဆောင်ရွက်ပေးတယ်ဆိုပေမယ့်။ အလုပ်ကနေထုတ်ခံရတဲ့ခံစားချက်ကို ဘယ်သူမှ နားမလည်ကြဘူး” လို့ ကိုရဲမင်း ကပြောပါတယ်။

၄င်းစက်ရုံမှာ အမျိုးသမီးသီသန့်လုပ်ကိုင်နေတဲ့စက်ရုံဖြစ်ပြီး၊ စရောက်လာတဲ့လူသစ်တွေကို အလုပ်ကနေထုတ်ပစ်တာမျိုးလုပ်တာကြောင့် AAC ထံ စက်ရုံအလုပ်သမားတွေကဆက်သွယ်အကူညီတောင်းလိုက်တာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Ye Min

SHARE THIS NEWS

OTHER NEWS