26 April 2024

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၂

အလုပ်သမားတွေကို ဗီဇာကြေးလျှော့ချပေးရေးအပါဝင် အချက်ခုနှစ်ချက်ကိုဆွေးနွေးခဲ့တယ်ဟုဆို..

.

ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးနဲ့ပတ်သက်ပြီး ထိုင်း – မြန်မာနှစ်နိုင်ငံတာဝန်ရှိသူတွေ အောက်တိုဘာ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာတွေ့ဆုံပြီး ဗီဇာကြေးအပါဝင် အချက်(၇)ချက်ကို ဆွေးနွေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ DOE က ထုတ်ပြန်ပါတယ်။

ဆွေးနွေးသွားတဲ့ အချက် ၇ ချက်ကတော့ ဗီဇာကြေးလျှော့ချရေး၊ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MOU အရ သဘောတူညီချက်များကို သက်တမ်းတိုးခြင်း၊ MOUအလုပ်သမားများခေါ်ယူရေး ၊ CI စင်တာတွေ ဖွင့်လှစ် ကောင်အထည်ဖော်ဖို့နဲ့ အလုပ်သမားတွေကိုသက်သေခံလက်မှတ် (CI) စာရွက်စာတမ်းများ ထုတ်ပေးဖို့ ၊ မြန်မာအလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်များသက်တမ်းတိုးခြင်းနဲ့ အချက်အလက်သိမ်းဆည်းရေးစင်တာ Data Storage Centre (TDCC) မြန်မာနိုင်ငံသံရုံးရဲ့ တိုးချဲ့ရုံးအဖြစ် အဆင့်မြှင့်တင်ဖို့ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲမှာတော့ ထိုင်းနိုင်ငံဘက်က အလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pairote Chotiksathien ဦးဆောင်တဲ့အဖွဲ့နဲ့စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းရှိန်ဦးဆောင်တဲ့ အဖွဲ့တို့ဆွေးနွေးခဲ့တာလို့ သိရပါတယ်။

Photo: DOE

SHARE THIS NEWS

OTHER NEWS