26 April 2024

,

ဧပြီလ ၂၇ ရက် နေ့တုန်းက သတင်းထောက်များက သတင်းပို့ပေးခဲ့ပါတယ်။

နှဲ့ခွန်စဝမ် မြို့ ရှိ ရွာသားများက နန်းမြစ်ကနေ အရှည် ၄မီတာရှီသော သခီရမ် သစ်ပင် ကို အောင်မြင်စွာ ယူဆောင်လာခဲ့ပါတယ်။ နန်းမြစ်မှ မယ်တော်သခီရမ် ကို မွေးဖွားသည့်နေ့ တွင်ကူသယ်လာတဲ့ ရွာသားတွေက 58 ဂဏန်းကို တွေ့ပြီး ကံစမ်း ကြရာ ထီဆုကြီး ပေါက်ပြီးနောက် ထိုင်းရိုးရာဝတ်စုံကိုဝယ်ပြီး မယ်သခီရမ် ထံ ပူဇော်ကြပါတယ်။

ဒီနေ့မှာတော့ အခြားရွာက ရွာသူရွာသားတွေပါ ကံကောင်းစေဖို့အတွက် မယ်သခီရမ် ထံ လာရောက် ဂါရဝပြုကြပါတယ်။ တစ်ချို့လူတွေက ထီနံပါတ်ရဖို့ အတွက် ထီခေါ် အမွှေးတိုင်တွေထွန်းပြီး ဆုတောင်းကြပါတယ်။ထီခေါ်အမွှေးတိုင်မှရလာတဲ့ ဂဏန်း ကတော့ 913 ဖြစ်ပြီး ရွာသားများက နန်းမြစ်အတွင်းမှ မယ်သခီရမ် ကို သယ်ဆောင် လာစဥ်တုန်းကနဲ့ တစ်ထေရာတည်း တူသည်ဟု ရွာသား များက ပြောကြပါတယ်။

ရွာသားအချို့က မယ်သခီရမ်သစ်ပင်ပေါ်တွင် ပေါင်ဒါမှုန့်ဖြင့်ပွတ်ပြီး ထီဂဏန်းတောင်း ကြရာ သစ်ပင်ပေါ်တွင် ပေါ်လာတဲ့ နံပါတ်က တော့ 52 ဖြစ်တာကို ရွာသားအများစုက မြင်ကြပါတယ်။ တစ်ဦးချင်းယုံကြည်ချက်နဲ့ လဲ သက်ဆိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS