9 May 2024

——————————-

ဗန်ကောက် ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၃

၃ နှစ်ခန့်ပိတ်ထားခဲ့ရတဲ့ မဲဆောက်-မြဝတီ အမှတ် ၁ ချစ်ကြည်ရေးတံတားကို လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ နှစ်နိုင်ငံနယ်စပ်အာဏာပိုင်များ အတူတကွတက်ရောက်ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

တံတားဖွင့်ပြီး၊ ဘယ်လိုဖြတ်သန်းသွားလာရမလဲ? အရင်လိုပဲ သွားလာလို့ရလား မေးခွန်းတွေအတွက် Myanmar Live က အဖြေရှာလာပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းကိုဝင်လာတော့မယ်ဆိုရင် ပတ်စပို့ ကိုင်ဆောင်သူတွေအတွက်ကတော့ ပြည်ဝင်ခွင့်ဗီဇာရှိရပါမယ်။ အလုပ်သမားဆိုရင်တော့ ဝါ့ပါမစ်ပြနိုင်ရမှာဖြစ်ပါတယ်။

ယာယီ အထောက်အထား (Border Pass) နဲ့ ဝင်ရောက်လာလို့လဲရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံအတွင်းပိုင်းကို ဝင်ရောက်ပိုင်ခွင့်မရှိဘူး၊ တာ့ခ်ခရိုင်ရှိ မြို့နယ် ၂ ခုအတွင်းမှာပဲ ၇ ရက်အထိ နေထိုင်သွားလာလို့ရတယ်ဟု ထိုင်းလဝက တစ်ဦးကပြောပါတယ်။

“ထိုင်းဘက်ကို ကူးလာတော့မယ်ဆိုရင်တော့ ကျနော်တို့ဘက်ကပြည်ဝင်ခွင့်ပေးတဲ့နေရာကနေ တာဝန်ယူထားတဲ့အတွက် အထောက်အထားတစ်ခုခုရှိရင်ရပါပြီ၊ ပတ်စပို့ရှိရမယ့်အပြင် အထဲမှာဗီဇာရှိရမယ်၊ အလုပ်လာလုပ်တယ်ဆိုရင် ဝါ့ပါမစ်တော့ လိုတောပေါ့၊ ယာယီ ( Border Pass ) နဲ့ အလည်လာမယ်ဆိုရင်တော့ တာ့ခ်ခရိုင်မြို့နယ် ၂ ခုမှာ ၇ ရက် လည်ပတ်ပိုင်ခွင့်ရှိတယ်။ မဲဆောက်မြို့နှင့် မဲလမမြို့နယ်မှာပါ။ ကျန်တဲ့နေရာတွေသွားရင်တော့ ဒဏ်ငွေဆောင်ရနိုင်ပါတယ်။ ဒါကတော လဝက အပိုင်းပေါ့နော် ကိုဗစ်ထိန်းချုပ်ရေးဘက်ကလဲ ကျန်းမာရေးအထောက်တွေလဲ လိုသေးတာပေါ့” လို့ နယ်စပ်မှာ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ထိုင်းအရာရှိ တစ်ဦးက Myanmar Live ကိုပြောပါတယ်။

ထိုင်းဘက်ကိုကူးလာတော့မယ်ဆိုရင် ထိုင်းကျန်းမားရေဌာနထံမှာ ကိုဗစ်၁၉ ကာကွယ်ဆေးအနည်းဆုံး ၂ ကြိမ်ထိုးခဲ့ဖူးတဲ့ ကျန်းမာရေးစာရွက်စာတမ်းပြသရမယ်လို့ Myanmar Live ဘက်က စုံစမ်းသိရှိရပါတယ်။

၃ နှစ်လောက်ပိတ်ထားတဲ့ နယ်စပ်တံတားမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် မဲဆောက်ရှိ ရှော့ပင်းမောများ၊ ဈေးကြီးနှင့် ယခင်တုန်းက ငြိမ်သက်နေတဲ့ မဲဆောက်-မြဝတီတံတားဟာ ယခုဆိုရင် ပြန်လည်အသက်ဝင်လာပြီး၊ မြန်မာတွေ အများအပြားဝင်ရောက်လာတယ်လို့ မဲဆောက်မီဒီယာများကဖော်ပြထားပါတယ်။

ထို့အတူ မြဝတီကနေ မဲဆောက်ဘက်ကို ကူးလာတဲ့ မြန်မာပြည်သားတွေကို မဲဆောက်ကျန်းမာရေးအဖွဲ့က ကိုဗစ်၁၉ ကာကွယ်ဆေးတွေ အခမဲ့ ထိုးနှံပေးတယ်လို့လဲ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS