27 April 2024

အင်ဒိုနီးရှားရှိ ဒေသခံများနှင့် ခရီးသွားများသည် အနောက်ဂျာဗား Sukabumi Regency ရှိ ကျောက်ဆောင်များ တစ်လျှောက် နာမည်ဆိုးဖြင့်ကျော်ကြားသော “လိင်တံကျောက်တုံး” ကိုမြင်တွေ့ရမှာဖြစ်ပါ တယ်။ ဆယ်စုနှစ်များစွာတိုက်စားမှု နှင့် မိုးဒဏ်ကြောင့် ဘဘာဝကျောက်တုံးသည် ယောကျာ်းလေးလိင်အင်္ဂါ ပုံသဏ္ဍာန်နှင့်ဆင်တူလာတာဖြစ်ပါတယ်။

.

အမျိုးသားများသည် အိပ်ရာထဲတွင် သူတို့၏စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်မျှော်လင့်ချက်များဖြင့် ထူးဆန်းတဲ့ လိင်တံပုံသဏ္ဍာန်ရှိတဲ့ ကျောက်တုံးလာရောက်လည်ပတ်ကြပြီး အမျိုးသမီးများက သူတို့ရဲ့အိပ်မက်ထဲက အမျိုးသားများနှင့်တွေ့ဆုံကာ သူတို့ရဲ့ဆန္ဒများကိုဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်ဖြင့် လာရောက်ဆုတောင်း ကြပါတယ်။

.

“ဒီကျောက်တုံးက ကြာပြီ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ပေါ်ပေါက်လာခဲ့ပြီး ဒေသခံတွေက ဒါကို လိင်တံကျောက်တုံးလို့ ခေါ်ကြပါတယ်” ဟု Sukabumi ခရိုင်ဥပဒေပြုအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Andri Hidayana က ပြောကြားခဲ့ပါတယ်။ “ပတ်ဝန်းကျင်မှာ ဒဏ္ဍာရီတွေရှိပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) တစ်လလျှင် တစ်ကြိမ် ဧည့်သည်များသည် ထုံးတမ်းစဉ်လာတစ်မျိုးမျိုး ပြုလုပ်ကြပြီး လာလည် တဲ့လူတွေဟာ အိပ်ရာထဲမှာ ‘ခွန်အားကြီးသူ’ ဖြစ်သွားလိမ့်မယ်’ လို့ဆိုကြပါတယ်။

.

ဒီလို လိင်တံ ပုံသဏ္ဍာန်ရှိတဲ့ကျောက်တုံးကို မိနစ် ၃၀ ကြာအန္တရာယ်ရှိသောလှေခရီးဖြင့်သာသွားရောက်ကြည့်ရှု နိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS