9 May 2024

ထိုင်းနိုင်ငံ ခရိုင် ၁၄ ခုမှာ PM 2.5 အမှုန်ထူပြောမှုအခြေအနေဟာ စိုးရိမ်ညွှန်းမှတ်ထက်ကို ၃-၄ ရက် ဆက်တိုက်ကျော်လွန်နေပြီး ဆက်လက်မြင့်တက်လာမယ့်အလားအလာမြင့်မားနေတာကြောင့် အမှုန် အကျပ်အတည်းအခြေအနေကို အချိန်နဲ့တပြေးညီ စီမံကွပ်ကဲနိုင်ဖို့အတွက် ယင်းခရိုင်တွေမှာ အရေး ပေါ်ကယ်ဆယ်ရေးစင်တာတွေကို ဖွင့်လှစ်ထားတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထား ပါတယ်။

အဆိုပါ ခရိုင်တွေရဲ့ PM 2.5 အမှုန် ပျမ်းမျှညွှန်းကိန်းဟာ ၁ ကုဗမီတာမှာ ၁၀၁ ကနေ ၁၅၈ မိုက်ခရိုဂရမ် အထိ ရှိနေတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးစင်တာတွေကို ဖွင့်လှစ်ထားရခြင်းဖြစ်တယ်လို့ ထိုင်းကျန်းမာရေးတွဲဖက်အတွင်းဝန် က ဆိုပါတယ်။

ဒီသီတင်းပါတ်မှာ လေထုညစ်ညမ်းမှုအကြောင်းခံရောဂါ လူနာဦးရေ ၄ သိန်းနီးပါး (၃၇၆၁၆၅) ရှိလာပြီး ပြီးခဲ့တဲ့သီတင်းပါတ်ထက် ၁ သိန်းခွဲကျော် (၁၆၃၄၉၁) မြင့်တက်လာတယ်လို့ ဆိုပါတယ်။

အဆိုပါလူနာတွေအနက် အသက်ရှူလမ်းကြောင်းရောဂါလူနာ ၁၆၅၈၇၉ ဦး၊ အရေပြားရောင်ရမ်းနာ လူနာ ၈၀၂၄၈ ဦး၊ မျက်စိရောင်ရမ်းနာလူနာ ၇၀၂၀၆ ဦး၊ နှလုံးသွေးကြောနဲ့ဦးနှောက်သွေးကြောကျဉ်း လူနာ ၅၄၄၃၂၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာ PM 2.5 အမှုန် မြင့်တက်လာနိုင်ခြေမြင့်မားနေပြီး ၁ ကုဗမီတာလျှင် ၅၁ မိုက်ခရိုခရမ် ထက် ၃ ရက်ဆက်ကျော်လွန်နေသော အနီရောင်ဇုန်ခရိုင် ၁၄ ခုရှိတယ်လို့ တွဲဖက်အတွင်းဝန်က ဆိုပါ တယ်။

 

ယင်းခရိုင် ၁၄ ခုကိုတော့ အခုလို ပြောပြသွားပါတယ်။

၁။ လမ်ဖွန် (လမ်ဖွန်မြို့နယ်၊ လီမြို့နယ်)

၂။ ချင်းမိုင် (ချင်းမိုင်မြို့နယ်၊ ဟော့မြို့နယ်၊ ချင်ဒေါင်းမြို့နယ်၊ မယ်ကျမ်မြို့နယ်)

၃။ ဆူခိုထိုင်း (ဆူခိုထိုင်းမြို့နယ်)

၄။ နွန်ထဘူရီ (နွန်ထဘူရီမြို့နယ်၊ ပါကရက်မြို့နယ်)

၅။ ပထုမ်ဌာနီ (ခလောင်လွန်းမြို့နယ်)

၆။ အယုဒ္ဓယာ (အယုဒ္ဓယာမြို့နယ်)

၇။ စရာဘူရီ (ချလုမ်းဗျကီယက်မြို့နယ်၊ စရာဘူရီမြို့နယ်)

၈။ အန်ထောင်း (အန်ထောင်းမြို့နယ်)

၉။ စမွတ်ဆာခွန် (စမွတ်ဆာခွန်မြို့နယ်၊ ကရာထွန့်ဘန်းမြို့နယ်)

၁၀။ ရတ်ချဘူရီ (ရတ်ချဘူရီမြို့နယ်)

၁၁။ စမွတ်ဆုန်ခရမ် (စမွတ်ဆုန်ခရမ်မြို့နယ်)

၁၂။ စမွတ်ပရာကန် (ဖရာ့ပရဒဲမြို့နယ်၊ စမွတ်ပရာကန်မြို့နယ်၊ ဘန်ဆောင်းထွန်မြို့နယ်)

၁၃။ နခေါ်ဖနွမ် (နခေါ်ဖနွမ်မြို့နယ်)

၁၄။ မြို့တော်ဗန်ကောက် (မြို့နယ် ၅၀ ထဲက ၂၃ ခု)

ပလာတူး

SHARE THIS NEWS

OTHER NEWS