21 November 2024

ဟနွိုင်းမြို့အနီးရှိ ခြံတစ်ခြံတွင်ကြက်မွေးမြူသူ Le Van Hien သည် ကြက်အုပ်စုထဲမှအကောင်းဆုံး ကြက်အမျိုး အစားကိုရွေးထုတ်ကာ ခေါင်းတစ်ပိုင်းလျှင် ဒေါ်လာ ၂,၀၀၀ ပေးရသည့် အုတ်ခဲကဲ့သို့ ခြေထောက်ထူသောအမျိုး အစားဖြစ်သည့် “နဂါးကြက်” အမျိုးအစားဖြစ်ပါတယ်။

.

ဗီယက်နမ်မြောက်ပိုင်းတွင်ပေါက်ပွားသော Dong Tao (ခေါ် ) နဂါးကြက် ကြက်ခြေထောက်များကို အရသာရှိသော စားစရာအဖြစ် သတ်မှတ်ကြပြီး Tet ဟုလူသိများသော ဗီယက်နမ်တရုတ်နှစ်သစ်ကူး ကာလအတွင်း ချမ်းသာသူများကြားတွင် အထူးရေပန်းစားကြပါတယ်။

.

၎င်းခန္ဓာကိုယ်အလေးချိန်၏ ငါးပုံတစ်ပုံခန့်ကြီးမားသောခြေထောက်များရှိတဲ့ ၄ကီလိုဂရမ်ရှိသော နဂါးကြက်တစ်ကောင်ကို ဒေါ်လာ ၁၅၀ ခန့်ဖြင့်ရောင်းချခဲ့သော်လည်း အထူးသဖြင့်မျိုးရိုးကြက်ကြီးများသည် ၎င်းထက် ၁၀ကျော်တန်ဖိုးရှိပါတယ်။ တစ်ချို့က ကြက်အလှမယ်ပြိုင်ပွဲတွေမှာတောင်ဝင်ပြိုင်ကြပါတယ်။

.

Dong Tao ကြက်အရသာအတွက် အဓိကသော့ချက်မှာ ပြောင်းဖူးနှင့် ထမင်း၏ အစားအစာဖြစ်ပြီး လွတ်လပ်စွာ ကျင်လည်ကျက်စားရန် လိုအပ်ကြောင်း ကြက်မွေးမြူသူ Hien က AFP သို့ ပြောကြားခဲ့ပါတယ်။ နဂါးကြက်ကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအချို့တွင် တားမြစ်ပိတ်ပင်ထားသည့် ဓာတ်ခဲလှောင်အိမ်များတွင် မွေးမြူထားသော်လည်း ပုံမှန်အသားအတွက်မွေးမြူထားတဲ့ ကြက်များကိုတော့ ခြံထဲတွင်လွှတ်ပေးထားပါတယ်။

.

“ကြက်တွေဟာ လမ်းလျှောက်လေလေ ကြွက်သားတွေ ပိုသန်မာလေလေ” ဟု ကြက်မွေးမြူတာ ၁၅ နှစ်ကျော် ရှိပြီဖြစ်တဲ့ Hien က ပြောပါတယ်။ 10 ကီလိုဂရမ်အထိ အလေးချိန်ရှိသော Dong Tao ကြက်သား၏အသားရဲ့ မျက်နှာပြင်ဟာကြမ်းပြီးတန်းဖိုးကြီးသည့်အပြင် အဆီလည်းနည်းပါတယ်။

.

စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့်သက်ကြီးရွယ်အိုဆွေမျိုးများအတွက်နှစ်ကုန်လက်ဆောင်အဖြစ် Dong Tao (ခေါ် ) နဂါးကြက်ကိုရွေးချယ်ကြတယ်လို့ ကြက်မွေးမြူသူ Hien ကဆိုပါတယ်။ “Dong Tao ကြက်ရဲ့ အကောင်း ဆုံးအစိတ်အပိုင်းကတော့ သူတို့ခြေထောက်တွေရဲ့အရေခွံတွေပါလို့ဆိုပါတယ်။ ခြေထောက်တွေပိုကြီးလေ အရသာပိုရှိလေ” ဟု၎င်းကဆိုပါတယ်။

 

 

 

 

SHARE THIS NEWS

OTHER NEWS