2 January 2026

ဇွန်လ ၁ ရက်မှာ မြန်မာနိုင်ငံ ကော့သောင်းကနေ ထိုင်းနိုင်ငံရနောင်းဘက်ကို အလည်ဝင်ရောက်လည်ပတ်လို့ ရပြီလို့ Ma Wai ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကဖော်ပြထားပါတယ်။

 

 

“ပေးဝင်နေပြီ မောင်လေး ဒါပေမဲ့ တနင်္သာရီတိုင်းမှတ်ပုံတင်နဲ့ Border pass စာအုပ်လုပ်ရမှာပေါ့နော်၊ ထိုင်းမှာ ၃ ရက်တော့လည်ပတ်ခွင့်ရှိတယ်။ ရနောင်းခရိုင်အတွင်းမှာပဲ လည်ပတ်လို့ရမယ်။ တခြားခရိုင်တွေတော့ သွားလို့မရဘူး။ ကိုဗစ်၁၉ ကာကွယ်ဆေးထိုးထားတဲ့စာရွက်လဲရှိရမယ်။’ မဝေ တို့ကသွားလို့ လာလို့ ရပြီးဆိုတာလောက်ပဲ Facebook ပေါ်မှာအပျော်တင်တာပါ။ ထိုင်းနိုင်ငံတခြားခရိုင်သွားချင်ရင်တော့ MoU လုပ်ပြီးဝင်မှရမယ်နော်” လို့ Myanmar Live ကိုပြောပါတယ်။

 

 

ကိုဗစ် ၁၉ ကြောင့်၂ နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့တဲ့ မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်း နယ် စပ်ဂိတ်ပေါက်ကို ဇွန်လ ၃ ရက်မှာပြန်လည် ဖွင့်လှစ်တော့မယ်လို့ သတင်းတွေထွက်နေပေမယ့် ဇွန်လ ၁ ရက်နေ့ကတည်းက ထိုင်းဝင်ရောက်လည်ပတ်သူ တချို့ရှိနေပြီလို့ သိရပါတယ်။

Andrew KC

SHARE THIS NEWS

OTHER NEWS