3 May 2024

ဇွန် ၂ ရက်၊ ၂၀၂၂

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် MOU လုပ်သားခေါ်ယူသည်လုပ်ငန်းစဉ်ကို နှောင့်နှေးမှုဖြစ်နေတာကြောင့် ထိုင်းနိုင်ငံအတွင်းရှိလုပ်သားဈေးကွက်တွေမှာ လုပ်သားလိုအပ်ချက်ရှိနေတဲ့နေရာတွေကို ဖြည့်စွက်ပေးဖို့အတွက် ထိုင်းမှာရှိတဲ့ အထောက်အထားမဲ့လုပ်သားတွေကို ပန်းရောင်းဘတ်ကတ်ပြုလုပ်ဖို့ ထိုင်အစိုးရက ထပ်မံပြင်ဆင်နေတယ်လို့ ထိုင်းအလုပ်သမာဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်စာမျက်နှာတွင် လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့က အတည် ပြုဖော်ပြထားပါတယ်။

ထိုင်းမှာတရားမဝင်ရှိကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ် စသည့်ရွှေ့ပြောင်းလုပ်သား ၄ နိုင်ငံသားကို ပန်းရောင် ဘတ်ကတ်ပြုလုပ်ပေးမည်ဟု သိရပါတယ်။

အလုပ်သမားတွေ ဘတ်ရိုက်မယ်ဆိုရင်တော့ အွန်လိုင်းကနေ နာမည်စာရင်းအရင်ပေးထားရမှာပါ။ အလုပ်ရှင်က သူတို့ငှားရမ်းမယ့်အလုပ်သမားရဲ့နာမည်တွေကိုတင်ပေးရမှာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ ပန်းရောင်ဘတ်ကတ်ဆောင်ရွက်ပေးတဲ့အခါကြရင် အလုပ်ရှင်ရှိဖို့လိုအပ်ပါတယ်။ အလုပ်ရှင်မရှိဘဲ၊ အငှားသူဌေး၊ ဒါမှမဟုတ် ကိုယ်စားလှယ်တွေနဲ့တဆင့်လုပ်တဲ့အခါကြရင် နောက်လာမယ် အလုပ်ပြောင်း၊ နေရာပြောင်းတဲ့နေရာမှာ အခက်ခဲရှိလာနိုင်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနတွေဘက်က ပန်းရောက်ဘတ်ကတ်ပြုလုပ်ဖို့ ထပ်ဖွင့်ပေးမယ်လို့ ကဘိနက်သဘောတူညီချက်တွေထုတ်ပြန်ထားတာမရှိသေးပေမယ့်။ မြေပြင်မှာတော့ စာရင်းပေးတာတွေ၊ အစိုးရက ကုန်ကျစရိတ်မထုတ်ပြန်သေးတဲ့ ငွေကြိုကောက်တာတွေလဲ ရှိနေပြီလို့ သိရပါတယ်။

စာရွက်စာတမ်းတွေကို ပြုလုပ်ပေးတဲ့ ကိုယ်စားလှယ် ၁ ဦးကိုမြေပြင်ရဲ့အခြေအနေကိုမေးကြည့်တော့” ဘတ်လုပ်မယ့်ကိစ္စကိုတော့ သတင်းရထားတာကြာပါပြီ။ ဘတ်လုပ်ဖို့ လာအပ်တဲ့သူတွေလဲအများကြီးရှိတယ်။ အမတို့ကတော့ တစ်ယောက်မှတော့ လက်မခံထားသေးဘူး။ ဘယ်လိုရိုက်ပေးမလဲဆိုတာလဲ မသိရသေးဘူး။ လုပ်ပေးမည့် ဘတ်က ၁၃ ရက်နေ့ ၂ ပိုင်း ၂၀၂၃ လောက်ပဲ သက်တမ်းရမယ်ဆိုတော့ သက်တမ်းက ၆ လလောက်ပဲရတယ်။ ကုန်သွားရင်ကော ဒီအုပ်စုက ဘာဆက်လုပ်ရမလဲ၊

အရင်ကလုပ်ပေးတဲ့ဘတ်တွေလဲ စာရွက်ပဲကိုင်နေတဲ့သူတွေရှိတယ်။ အပြာစာအုပ်တွေက ခုမှရတဲ့သူတွေလဲရှိတယ်။ နောက်တသုတ်ထပ်လာမယ်ဆိုတော့ အလုပ်သမားအတွက်သတင်းကောင်းဖြစ်ပေမယ့် ၆ လလောက်ရှိတဲ့ သက်တမ်းနဲ့ ၁ သောင်းနီးပါး ကုန်ကျမယ်ဆိုတော့ ကြည့်ရတာရုပ်ဆိုးလို့ အမကတော့ လာအပ်သူရှိပေမယ့် လက်မခံရဲသေးဘူး လုပ်ပေးရမယ့် ပလန်တွေလဲ တိတိကျကျရေးဆွဲထားတာမရှိဘူး” လို့ ထိုင်းက အလုပ်သမားတွေကို အထောက်အထားပြုလုပ်ပေးနေတဲ့ ကိုယ်စားလှယ်တစ်ယောက်က ခုလိုပြောသွားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံလုပ်သားဈေးကွက်ကို မြန်မာလုပ်သားများ ကြီးစိုးထားပြီး မြို့တော်ဗန် ကောက်နှင့်အနီးအနာ ခရိုင်များမှာ မြန်မာလုပ်သား ၆၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် ၂၅ ရာခိုင်နှုန်း၊ အခြားခရိုင်များတွင် ကွက်ကျားကွက်ကျားနေထိုင်လုပ်ကိုင်လျက်ရှိသည်ဟု သိရပါတယ်။

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS