ဘန်ကောက်မြို့တွင်းက အရက်ဘား၊ နိုက်ကလပ်၊ အနှိပ်ခန်း အစရှိတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို ဒီကနေ့ကစပြီး
လာမည့် ၂၀၂၂ ဇန်နဝါရီလ ၁၅ ရက်နေ့ထိ ယာယီပိတ်ထားရန် ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဘန်ကောက်တွင်းက နှစ်သစ်ကူးပွဲတော်တွေကိုလည်း အရင်ကကြေညာထားရှိခဲ့တဲ့အတိုင်း ကျင်းပခွင့်မပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။
ယနေ့မှာဆိုရင် (ဒီဇင်ဘာ ၂၉ ရက်) ထိုင်းနိုင်ငံတွင်း အိုမီခရွန်းကူးစက်ခံရသူစာရင်းက ၇၀၀ ဦးကျော်သွားပြီဖြစ်ပါတယ်။
မနေ့ကစာရင်းဖြင့်ယှဉ်မယ်ဆိုရင် ၁ ရက်အတွင်း အိုမီခရွန်းကူးစက် သူ ၂၀၀ ကျော်ခုန်တတ်သွားခဲ့တာပါ။