ယနေ့ည ပိတ်ရက်ရှည်အကြိုနေ့ မော်ချစ်ကားဝင်း မြင်ကွင်း
.
ဇူလိုင် ၂၇ ရက်၊ ၂၀၂၃
.
ပြည်တွင်းခရီးသွားလုပ်ငန်း မြှင့်တင်ရန်ရည်ရွယ်
၍ ဇူလိုင်လ ၃၁ ရက်(၂၀၂၃) နေ့ကို အထူးအစိုးရရုံးပိတ်ရက်အဖြစ် ထိုင်းအစိုးရမှ ကြေညာလိုက်ပြီးနောက် ယနေ့ညနေတွင် မြို့တော်ဗန်ကောက် မော်ချစ်အဝေးပြေးကားဝင်း၌ နယ်မြို့များသို့ခရီးထွက်မည့်သူများဖြင့် စည်ကားနေသည်။
.
မနက်ဖန် ဇူလိုင် ၂၈ ရက်နေ့တွင် ထိုင်းဘုရင်မွေးနေ့ဖြစ်၍ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး အလားတူ သြဂုတ်လ ၁ ရက်နေ့တွင် ထိုင်းဝါဆိုလပြည့်နေ့ဖြစ်၍ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ ဩဂုတ်လ ၂ ရက်နေ့မှာ ဝါဝင်နေ့ဖြစ်၍ အစိုးရရုံးပိတ်ရက် ဖြစ်သည်။
.
ထို့ကြောင့် ထိုင်းအစိုးရဝန်ထမ်းများအနေဖြင့် ၆ ရက်ဆက်တိုက် အလုပ်နားခွင့်ရရှိမည်ဖြစ်သည်။
.
.
.
Photo: Pathumthani news
.