ဇွန်လ ၂၄ ရက်၊ ၂၀၂၂ မြန်မာကနေထိုင်း၊ ထိုင်းကနေတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းကနေ အလုပ်သွားရောက်လုပ်ကိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံနယ်စပ်များမှာ အဖမ်းအဆီးတွေကြမ်းပေမယ့် ခိုးဝင်လုပ်သားများမှာ လျော့သွားတာမဟုတ်ဘဲ ပိုတိုးလာတာပဲရှိတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။ “တို့နိုင်ငံမှာ ကျပ်တည်းတယ်လေ၊ အဲဒါကြောင့်အလုပ်လုပ်နိုင်သေးတဲ့လူငယ်တွေက …