11 January 2026

ဓာတ်ပုံ Post today

 

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၁

 

မီးဖိုချောင်သုံးဂက်စ်အိုးဈေးနှုန်းကို လာမည့်အောက်တိုဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ

နောက်ထပ်သုံးလထပ်မံဖြေလျှော့ပေးရန်ထိုင်းအစိုးရအတည်ပြု။

 

ကိုဗစ်-၁၉ အကျပ်အတည်းကာလတွင် အများပြည်သူ၏လူနေမှုကုန်ကျစရိတ်ကို ကျားကန်ပေးနိုင်

 

ရန်အတွက် ၁၅ ကီလိုဂရမ်အရွယ်အစားရှိမီဖိုချောင်သုံးဂက်စ်အိုး (LPG) များ၏ဈေးနှုန်းကို လာမည့်

 

အောက်တိုဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၃၁၈ ဘတ်ဖြင့်ရောင်းချရန်စွမ်းအင်စီမံခန့်ခွဲ

 

ရေးမူဝါဒကော်မတီအစည်းအဝေးတွင် အတည်ပြုခဲ့သည်ဟု ထိုင်းဒုဝန်ကြီးနှင့်စွမ်းအင်ဝန်ကြီး

စူဖတ္ထနဖွန် ဖန်မီချောင် ကဆိုသည်။

 

တဖက်တွင် ကမ္ဘာ့ဈေးကွက်ရှိ LPG ဈေးနှုန်းသည်အတက်ဘက်တွင်ရှိနေပြီး လာမည့်နှစ်ကုန်ပိုင်း

 

တွင်ဈေးနှုန်းမြင့်တက်လာမည့်အလားအလာ ပိုများလာခြင်းကြောင့် ကမ္ဘာ့ LPG ဈေးနှုန်းကိုအနီး

 

ကပ်စောင့်ကြည့်ပြီး ကော်မတီထံပြန်လည်တင်ပြရန် ညွှန်းကြားထားသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS