16 February 2026

စက်တင်ဘာ ၂၇ ရက်နေ့ ၂၀၂၁

 

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် ဒီပရက်ရှင်မုန်တိုင်း၏အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးရေလျှံခြင်းနှင့်တောင်ကျချောင်းရေတွေကြောင့် ထိုင်းနိုင်ငံတွင် ခရိုင်ပေါင်း ၁၀ ခုကျော်က ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပြီး ထောင်ချီတဲ့မိသားစုတွေ၊ ဆေးရုံလူတွေ၊ အရေးပေါ်ပြောင်းရွှေ့မှုတွေ လုပ်နေရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

 

စက်တင်ဘာ ၂၆ ဖော်ပြချက်အရမှာတော့ ခရိုင်ပေါင်း ၁၄ ခု ကတော့ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပြီဖြစ်ပါတယ်။ ချင်းမိုင်၊ လန်းပွန်း၊ လန်းပန်း၊ တာ့ခ်၊ စူခိုင်ထိုင်၊ ဖိကျီ၊ ခွန်ကင်၊ ချိုင်ယဖူး၊ နခွန်ရာ့ချ်စီမာ၊ အုဘွန်ရာ့ချ်ဌာနီ၊ နခွန်စဝမ်၊ ချိုင်နာ့၊ ဆင်ဘူရီနဲ့အယုထရာခရိုင်တွေမှာ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS