2 October 2025

မြို့တော်ဗန်ကောက်အရှေ့ဘက်ရှိ ပထုမ်ဌာနီခရိုင်တွင် အလုပ်မှပြန်လာသည့်ထိုင်းအမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ကာကွယ်ရန် ကိုယ်လက်ပေါ် အရက်ပြန်ဆေးရည်ဖျန်းပြီးနောက် အိမ်ထဲဝင်ပြီး ခြင်ဆေးခွေမီးညှိစဉ် ကိုယ်လက် ၆၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခံရ။

မြို့တော်ဗန်ကောက်အရှေ့ဘက်ရှိ ပထုမ်ဌာနီခရိုင်၊ လမ်လူ့ကာမြို့နယ်၊ လတ်စဝိုင်းကျေးရွာအုပ်စု၊ ဟထိုင်ရတ်လမ်း၊ လမ်းခွဲ ၂ တွင်နေထိုင်သူ အသက် ၂၈ နှစ်ရှိထိုင်းအမျိုးသမီးသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၉ နာရီခန့်တွင် အိမ်တွင်သက်ကြီးရွယ်ရှိ၍ ကိုဗစ်-၁၉ ကာကွယ်ရန်အလုပ်မှပြန်လာပြီး အိမ်ထဲမဝင်မီ ကိုယ်လက်ပေါ် အရက်ပြန်ဆေးရည်ဖျန်းပြီးနောက် အိမ်ထဲဝင်ပြီး ခြင်ဆေးခွေမီးညှိစဉ် အရက်ပြန်အငွေ့ကြောင့်မီးလောင်ကျွမ်းခံရသည်ဟု သိရသည်။

မီးလောင်ကျွမ်းခံရပြီးနောက် ခင်ပွန်းဖြစ်သူရှိရာ အိမ်အောက်ထပ်သို့ပြေးဆင်းသွားပြီး ခင်းပွန်းကရေဖြင့်မီးငြိမ်းသတ်ပေးခဲ့သော်လည်း ခန္ဓာကိုယ် ၆၀ ရာခိုင်နှုန်းမီးလောင်ကျွမ်းခံရသည်ဟု သိရသည်။

 

 

မီးလောင်ကျွမ်းခံရပြီးနောက် ပထုမ်ဌာနီခရိုင်၊ ခလောင်လွန်းမြို့နယ်၊ ခလောင်နိမ်ကျေးရွာအုပ်စုတွင်တည်ရှိသည့် ဓမ္မသတ်ဆေးရုံတွင်ဆေးကုသမှုခံယူနေရပြီး နေ့စဉ်ဆေးကုစရိတ် ၅၀၀၀ ဘတ်အထိကုန်ကျနေကာ သာမာန်နေ့စားအလုပ်သမားအိမ်ထောင်စုသာဖြစ်၍ ငွေကြေးအခက်အခဲဖြစ်နေသည်ဟု သိရသည်။

မီးငြိမ်းသတ်ပေးသည့် ခင်ပွန်းဖြစ်သူမှာလည်း လက်ဖမိုးတွင်မီးလောင်ကျွမ်းခံရသည်ဟု သိရသည်။

 

 

သူမ၏ဆေးကုသစရိတ်အတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဘဏ်အကောင့် 035-3-26444-3 ကစီကွန်ထိုင်းဘဏ်၊ အကောင့်အမည် น.ส.วิภาพร ยี่สุนศรี ကို ငွေလွှဲပြီး ကူညီနိုင်သည်ဟု သိရသည်။

ငွေလွှဲပြီးလျင် စိုင်းမိုင်းမြို့နယ် လက်ထောက်အမတ် ဖွင့်ထားသည့် สายไหมต้องรอด လူမှုကွန်ရက်စာမျက်နှာတွက်အကြောင်းကြားနိုင်သည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS