10 January 2026

မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ကူးစက်မှု ရာဂဏန်းကနေ ဖေဖော်၀ါရီလ ၂၁ ရက်နေ့တွင် ကိုဗစ်၁၉ အတည်ပြုလူနာသစ် ၂,၈၉၇ ယောက် တွေ့ရှိခဲ့လို့ ကူးစက်သူ စုစုပေါင်း ၅၆၈,၅၆၄ ဦးအထိရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ ကူးစက်မှု ရာဂဏန်းကနေ ဖေဖော်၀ါရီလ ၂၁ ရက်နေ့တွင် ကိုဗစ်၁၉ အတည်ပြုလူနာသစ် ၂,၈၉၇ ယောက် တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းမှာ ကိုဗစ်၁၉ ကူးစက်သူ စုစုပေါင်း ၅၆၈,၅၆၄ ဦးရှိပြီး၊ ဖေဖော်၀ါရီလ ၂၁ ရက်နေ့မှာ သေဆုံးသူ ၇ ဦးရှိတာကြောင့် စုစုပေါင်း ၁၉,၃၃၈ ဦးရှိနေပြီလို့ ထုတ်ပြန်ချက်ရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်။ ဒီစစ်ဆေးမှုဟာ (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်ကောင်စီ လက်အောက်ခံ ဆေးရုံအများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူးလို့ DVB သတင်းက ဖော်ပြထားပါတယ်။

.

ပုံဟောင်း (ပရဟိတလူငယ်လေး)

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS