15 May 2024

ထိုင်းနိုင်ငံ ဖေ့ချ်ဘူခရိုင်ရှိ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံထဲက မြန်မာနဲ့ထိုင်းအလုပ်သမားတွေ အငြင်းပွားရိုက်နှက်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ရန်ဖြစ်ကြပြီးနောက် မြန်မာအလုပ်သမား ၁၀၀၀ ခန့်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြမှုတွေပါဖြစ်ပွားခဲ့တယ်လို့ အလုပ်သမားသံအရာရှိရုံးရဲ့ ဖေ့ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

အငြင်းပွား ရိုက်နှက်မှုတွေ မဖြစ်ပွားခင် မြန်မာအလုပ်သမား အမျိုးသမီးမှ အလုပ်နောက်ကျဆင်းတဲ့ ထိုင်းအမျိုးသမီးအတွက် နှစ်ယောက်စာ အလုပ်ပိုလုပ်ပေးရတာကြောင့် အလုပ်ရုံထဲက မြန်မာအဆိုင်းခေါင်းဆောင်ကိုပြောပြလိုက်လို့ ထိုင်းအမျိုးသမီးရဲ့အမျိုးသားနဲ့ ပြဿနာကစတင်ခဲ့တာလို့ သိရပါတယ်။

ဖေဖော်၀ါရီလ ၁၈ ရက်နေ့ ညဘက်မှာအငြင်းပွားမှုတွေဖြစ်ခဲ့သလို နောက်နေ့ ၁၉ ရက်နေ့ မနက်ပိုင်းမှာလဲ ထိုင်းနဲ့မြန်မာအလုပ်သမားချင်း ထပ်ပြီးရန်ဖြစ်ကြသေးတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာ တာ၀န်ကျရဲတွေ လာရောက်ထိန်းချုပ်ဖို့ကြိုးစားပေမယ့် မြန်မာအလုပ်သမားတွေဘက်ကဝိုင်းဝန်းပိတ်ဆို့မှု ပြန်လည် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြဿနာအစမှာ ထိုင်းအလုပ်သမားတွေဘက်က အစပြုခဲ့တာကြောင့် အလုပ်သမားချင်း မျှတရရှိရေး၊ အငြိုးထားပြီး ထပ်မံခိုင်ရန်တွေ ထပ်မဖြစ်ရေးစသည်တို့ဖြင့် တောင်းဆိုမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် ထိုင်းနဲ့မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွားပါက ထိုင်းအလုပ်သမားမှာ အလုပ်မှ အထုတ်ခံရပေမယ့် ၎င်းတို့နိုင်ငံအတွင်းရှိ အခြားလုပ်ငန်းတစ်ခုခုအား ဝင်ရောက်လုပ်ကိုင်နိုင်တယ်။ မြန်မာအလုပ်သမား အလုပ်ကနေအထုတ်ခံရပါက IDC စခန်းကို ပို့ပြီး ပြည်တော်ပြန်ရမည့် အခြေအနေရှိနေခဲ့တာပါ။

ထိုကြောင့် မြန်မာအလုပ်သမားများအနေနဲ့ စည်းလုံးညီညွတ်စွာ အချင်းချင်း ကာကွယ်စောင့်ရှောက်လုပ်ကိုင်ကြပါ၊ ထပ်မံ၍ ခိုက်ရန်ဖြစ်ပွားခြင်းများ ပြုလုပ်ပါက အလုပ်သမားရေးရာမူဘောင်အတွင်းမှ ဖြေရှင်းလို့ရတော့မည်မဟုတ်ဘဲ ရဲစခန်း၊ တရားရုံးတို့ကဲ့သို့ ထိုင်းနိုင်ငံ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်တာတွေရှိလာနိုင်ပါတယ်။ အဲလိုဖြစ်ပြီးရင် ထိခိုက်နစ်နာမှု ရှိလာနိုင်တယ်လို့ ဗန်ကောက်အလုပ်သမားသံအရာရှိရုံးက ၂၁-၂-၂၀၂၂ ရက်နေ့နှင့် ၂၄-၂-၂၀၂၂ ရက်နေ့များမှာ တိုက်တွန်းဟောပြောခဲ့တယ်လို့ သိရပါတယ်။

#MyanmarliveTH #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #BKK #Covid19TH #Andrew_KC

SHARE THIS NEWS

OTHER NEWS