26 April 2024

ဂျပန်နိုင်ငံရှိ အတွင်းခံ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Wacoal က ယောင်္ကျားလေးဝတ် ဇာအတွင်းခံဘောင်းဘီ ကို ထုတ်လုပ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အရင်က ဇာဖြင့် ပြုလုပ်ထားတဲ့အတွင်းခံတွေကို မိန်းကလေးတွေသာ ဝတ်ဆင်ကြတာပါ။ ဂျပန်နိုင်ငံရှိ အတွင်းခံ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ Wacoal ကတော့ အဲဒီဘောင်ကို ချိုးဖောက်ပြီး ယောင်္ကျားလေးဝတ် ဇာအတွင်းခံဘောင်းဘီ ကို ထုတ်လုပ်ရောင်းချ ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

 

Wacoal ကုမ္ပဏီက Lace Boxer လိုအမည်ပေးထားတဲ့ ဇာဖြင့်ပြုလုပ်ထားတဲ့ ယောင်္ကျားလေးဝတ် ဇာအတွင်းခံဘောင်းဘီ ကို ပထမအကြိမ် စမ်းသပ်ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့Crowdfunding ဝဘ်ဆိုဒ်ဖြစ်တဲ့ Makuake ပေါ်မှာ အရင်နှစ်က တည်းက စတင်မိတ်ဆက် ထားခဲ့ပါတယ်။

 

ထုတ်လုပ်သူကတော့ ယောင်္ကျားလေးဝတ် ဇာအတွင်းခံဘောင်းဘီ ဟာ လက်ဝှေ့သမားဘောင်းဘီသကဲ့သို့ ခိုင်ခံမှုရှိမှာဖြစ်ပြီး ဇာဖြင့်ထုတ်လုပ်ထားတာကြောင့် ကြာရှည်ဝတ်တဲ့အခါ လှောင်အိုက်ခြင်းတွေ ဖြစ်စေမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

လက်ရှိမှာတော့ Wacoal Men ဇာအတွင်းခံဘောင်းဘီကို တစ်ထည်ကို ၃,၉၆၀ ယန်းဖြင့် အရောင် ၇ ရောင် ထုတ်လုပ်ရောင်းချ နေပြီဖြစ်တယ်လို့သိရပါတယ်။

 

 

Wacoal ကုမ္ပဏီ ရဲ့ ယောင်္ကျားလေးဝတ် ဇာအတွင်းခံဘောင်းဘီ ထုတ်လုပ်ရောင်းချမှုဟာ ပထမ ၃ လအတွက်အရောင်း ပစ်မှတ်ကို ၁၀ ရက်အတွင်းမှာ ချိုးဖောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အခုလို တစ်ရှိန်ထိုးရောင်းအားကောင်းခဲ့တာကြောင့် Wacoal ကုမ္ပဏီက ယခု မတ်လအကုန်တွင် ထပ်မံထုတ်လုပ်ရောင်းချ သွားမှာ ဖြစ်တယ်လို့ Wacoal ကုမ္ပဏီရဲ့ ပြောရေးဆို ခွင့်ရှိသူကဆိုပါတယ်။

 

 

စိတ်ဝင်စားစရာ ကောင်းတာကတော့ Wacoal ကုမ္ပဏီဟာ ဘယ်သူမှထုတ်လုပ်ရောင်းချဖို့ စိတ်မကူးမိတဲ့

ဘောင်ကိုရိုက်ချိုးပြီး ပရောဒတ်အသစ်အဆန်းတစ်ခုကို ဆန်းသစ် ထုတ်လုပ်ခဲ့တာကြောင့် လတ်တစ်လောမှာ အများရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

ဓာတ်ပုံ – Wacoal

SHARE THIS NEWS

OTHER NEWS