10 May 2024

တူရကီနိုင်ငံ၌ ထူးဆန်းတဲ့ တိမ်တိုက်ဖြစ်ပေါ်

 

တူရကီနိုင်ငံ၊ Bursa မြို့တွင် ထူးဆန်းတဲ့ တိမ်တိုက်ဖြစ်စဉ်တစ်ခုကို တွေ့ရှိခဲ့သောကြောင့် အင်တာနက်သုံးစွဲသူတွေက ကောင်းကင်မှာ တစ်ခါမှမမြင်ဖူးတဲ့ ထူးဆန်းသောတိမ်ပုံ နှင့် ဗီဒီယိုတွေကိုလူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ကြပြီးနောက် ဒီလိုထူးဆန်းတဲ့တိမ်ပုံသဏ္ဍာန်နဲ့ ပတ်သက်ပြီး အွန်လိုင်းလောကမှာ လူတွေရဲ့ အာရုံစိုက်မှုကို အကြီးအကျယ်ရရှိခဲ့ကြောင်းကို နိုင်ငံခြားသတင်းဌာနများက ဖော်ပြပါတယ်။

ဇန်နဝါရီ ၁၉ ရက်၊ ဒေသစံတော်ချိန် တူရကီနိုင်ငံ၊ Bursa မြို့တွင် ဤထူးဆန်းသောတိမ်တိုက်များဖြစ်ပေါ်လာပါတယ်။ နေထွက်လာသည်နှင့်အမျှ ကောင်းကင်သည် အချိန်နှင့်အမျှ လိမ္မော်ရောင်မှ အနီရောင်သို့ ပြောင်းလဲသွားပါတယ်။ ဒီတိမ်တိုက်ပုံစံဟာ “UFO” နဲ့တူတယ်လို့ အင်တာနက်သုံးစွဲသူတွေက ထင်ကြပါတယ်။ တချို့လူတွေကလည်း “မျက်လုံးပုံစံ” နဲ့တူတယ်လို့လည်း ပြောကြပါတယ်။

အဆိုပါ တိမ်တိုက် ထူးဆန်းစွာ ဖြစ်ပေါ်လာခြင်းဟာ တောင်ကုန်းနှင့် တောင်တန်းများ ပေါ်ကို လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာပါတယ်လို့ တူရကီ အမျိုးသား မိုးလေဝသ အေဂျင်စီက ဖော်ပြထားပါတယ်။ ဤတိမ်တိုက်က ပျောက်ကွယ်မသွားမီမှာ မူရင်းပုံစံအတိုင်း တစ်နာရီခန့်ကြာ ရှိနေသောကြောင့် မျက်မြင်သက်သေတဦးက ပြောပြပါတယ်။

SHARE THIS NEWS

OTHER NEWS