26 April 2024

,

မတ်လ ၂၀ ရက်နေ့တုန်းက ချစ်သူစုံတွဲလေးဖြစ်တဲ့ နူးန် နဲ့ လူဝီ က တစ်ယောက်နဲ့ တစ်ယောက် နားလည် ယုံကြည်မှုတွေနဲ့ နက်နဲစွာဖြတ်သန်းခဲ့တာ ၂နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ နှစ်ယောက်စလုံးရဲ့ ချစ်ခြင်းမေတ္တာကို ပရိတ်သတ် အများအပြားက နှစ်သက်သဘောကျခဲ့ကြပါတယ်။

မင်းသမီးချောလေး နူး ရာမိဒါ ကတော့ ခင်ပွန်းဖြစ်သူနဲ့ စတွေ့တုန်းက ဓါတ်ပုံလေးတွေကို တင်ခဲ့ပါတယ်။ သူငယ်ချင်းကနေ အကြင်လင်မယား ဖြစ်သည့်တိုင်အောင် အခင်ရဆုံးလူသား လူဝီ နဲ့ လက်ထပ်ရတဲ့ အတွက်  သူမသည် အလွန်ကံကောင်းသည့်အမျိုးသမီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူမရဲ့ခင်ပွန်းဖြစ်သူမင်းသားကြီး လူဝီ က တော့ ချောမောလှပတဲ့ သူရဲ့ ဇနီးသည်နဲ့ပက်သက်ပြီး “ ပျော်ရွှင်ဖွယ် နှစ်ပတ်လည်နေ့ပါ ဘေဘီလေး၊ ပျော်ရွှင် စရာနှစ်ပတ်လည်နေ့ပါဆိုပြီး ဓာတ်ပုံနဲ့တကွ အင်တာနက်ပေါ်တွင် တင်ခဲ့ပါတယ်။

ဓာတ်ပုံအောက်တွင် hashtag # ဖြင့် #ကျွန်ုပ်တို့ရဲ့ချစ်ခြင်းမေတ္တာစကားများ #ငါမင်းကိုချစ်တယ် #ငါမင်းကိုအမြဲဂရုစိုက်မှာပါ ဆိုပြီးတင်ခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS