30 March 2025

ဧပြီလ ၈ ရက်၊ ၂၀၂၂

ဧပြီလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်တွင်းမှာ ထိုင်းကိုဝင်ရောက်ဖို့ကြိုးစားနေတဲ့ တရားမဝင်မြန်မလုပ်သား ၅၀ ဦးကိုဖမ်းမိထားတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့လူမှုကွန်ရက်တွေမှာဖော်ပြထားပါတယ်။

 

 

ထိုင််းစစ်တပ်တွေ နယ်စပ်တွေမှာ ကင်းလှည့်နေတုန်းတရားမဝင်မြန်မာလုပ်သားများကို တွေ့သွားတာလို့ဖော်ပြချက်အရသိရပါတယ်။ အဖမ်းခံလိုက်ရတဲ့မြန်မာလုပ်သား ၅၀ ဦးမှာ အမျိုးသား ၃၀ နဲ့အမျိုးသမီး ၂၀ ဦးဖြစ်ပါတယ်။

 

 

ဖမ်းဆီးခြင်းခံရတဲ့ မြန်မာလုပ်သား ၅၀ ဦးကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးမေးမြန်းတော့ သူတို့တွေ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး ကနေလာခဲ့ကြတာဖြစ်ပြီး၊ ထိုင်းနိုင်ငံ ရယောင်း၊ စမုဆာခွန်၊ ကန်ကျနဘူရီနဲ့ ဗန်ကောက်ကိုသွားဖို့ လာရာကနေ အဖမ်းခံလိုက်ရတာလို့ ပြောပါတယ်။

 

 

တရားမဝင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ မြန်မာလုပ်သား ၅၀ ဦးကို ကိုဗစ််၁၉ စည်းကမ်းချက်နဲ့အညီဆောင်ရွက်ပြီးရင် ဥပဒေအရအရေးယူခြင်းဆောင်ရွက်သွားမယ်လို့ ထိုင်းသတင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

ဓါတ်ပုံ- ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี

SHARE THIS NEWS

OTHER NEWS