30 April 2024

ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံ ဆုန်ခရာခရိုင် ဟတ်ယိုင်မြို့နယ် Thung Lung ရဲစခန်းထံ တောထဲမှာ မြှုပ်နှံထားတဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ မြေမြှုပ်ထားတဲ့နေရာကဂေါက်ကွင်းနဲ့နီးတယ်ဟု သတင်းပေးပို့လာလို့ ထိုင်းအာဏာပိုင်နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်ခဲ့ပါတယ်။

 

 

အခင်းဖြစ်ပွားတဲ့နေရာက မြေတူးထားတဲ့ လက်ရာတွေကအသစ်ဖြစ်နေတယ်။ တွင်းဘေးနားမှာလဲ သွေးတွေပေကျန်နေတာတွေတွေ့ရတယ်လို့ သိရပါတယ်။ ရောက်လာတဲ့ ကယ်ဆယ်ရေးသမားတွေက တူးဖော်လိုက်တော့ အနက် ၅၀ စင်တီမီတာခန့်မှာမောက်လျက်အနေထားဖြင့် သေဆုံးနေတဲ့အလောင်းကိုတွေ့သွားပါတယ်။ล

 

 

အခင်းဖြစ်တဲ့နေရာအနီးတဝိုက်မှာရှိတဲ့ ရေကန်ထဲမှာလဲ သေဆုံးနေသူရဲ့ ဆိုင်ကယ်ကိုရေကန်ထဲကိုပစ်ချသွားပါတယ်။ အလောင်းနဲ့ ၃၀၀ စင်တီမီတာအကွာခန့်မှာလဲ အပြန်အလှန်တိုက်ခိုက်ထားတဲ့ခြေရာတွေ တွေ့ရပါတယ်။ အဲဒီနီးနားတဝိုက်မှာလဲ တရားမဝင်လုပ်သားတွေ ပုန်းနေတဲ့နေရာလို့ ထင်ရတဲ့အသုံးအဆောင်နဲ့ အိပ်ရာခင်းတွေလဲ တွေ့ရပြီး၊ ဒီနေရာကနေ ရှောင်ထွက်သွားတာ သိပ်မကြာသေးတဲ့ခြေရာတွေလဲ တွေ့နေရပါတယ်။

 

 

သေဆုံးနေသူဟာလျှပ်စစ်ဝန်ထမ်းတစ်ဦးပါ၊ သူ့ကိုကြိုးတုပ်ပါးစပ်ကိုပိတ်ဆို့ထားကာသတ်သွားပြီနောက် မြေမြှုပ်အလောင်းဖျောက်ထားကာ သံသယရှိတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေကရှာဖွေစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

ထိုနောက်မှာတော့ မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ဖို့ နယ်စပ်ဖြတ်ကျော်လာပြီး အနီးဝန်းကျင်မှာရှိတဲ့ တောအုပ်တစ်ခုမှာ ပုန်းအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးကို တွေ့သွားပါတယ်။

နောက်တစ်နေ့ဖြစ်တဲ့ ဇွန်လ၂‌ ရက်နေ့မှာလဲ ဟတ်ယိုင်မြို့နယ်၊ ဘန့်ဖလုကျေးရွာမှာရှိတဲ့ အငှားအိမ် ၁၂လုံးထဲက နှစ်လုံးထဲမှာ ပြည့်ကြပ်စွာထားရှိထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၉ ဦးကို ထပ်မံဖမ်းဆီးမိခဲ့ပါတယ်။ မြန်မာ ၁၀၀ ကျော်မှာ လေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့အတွက် ပွဲစားနဲ့ ကားသမားလာအခေါ်ကို စောင့်နေတာလို့ ဆိုပါတယ်။

ဖြစ်တဲ့နေရာက မျက်မြင်သက်သေခံတစ်ဉီးရဲ့ အာဏာပိုင်ကို ပြောကြားချက်အရ အဖမ်းခံရသူ ၁၀၉ ဉီးထဲမှာလည်း အမှုနဲ့ ပတ်သက်နေသူအချို့ ပါ‌၀င်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခံရတဲ့ တရားမ၀င်နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူအားလုံးကို တစ်ဉီးချင်းစီ စစ်ဆေးမြေန်းတာတွေ လုပ်ဆောင်သွားမယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

Andrew KC (ဇွဲကပင်မြေ)

ဓါတ်ပုံ -naewna.

SHARE THIS NEWS

OTHER NEWS