3 May 2024

သြဂုတ်လ ၃ ရက်၊ ၂၀၂၂

နေပြည်တော်က အချုပ်ထောင်မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေအရ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထောင်ဆရာဝန်နဲ့ ပြသခဲ့ရတယ်လို့ RFA ကဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစားအသောက် ပျက်နေတာလည်း ဟုတ်တယ်။ အရည်ပဲ သောက်ရတယ်။ ဆံပင်တွေလည်း ကျွတ်နေတယ်။ ဟို တစ်ရက်ကတော့ လဲမလိုဖြစ်လို့ သူကတော့ သတိနဲ့ ထိန်းလိုက်နိုင်တဲ့အတွက် မလဲပါဘူး။ ဒါပေမဲ့ အစောင့်တွေက စိတ်ပူပြီး ဆရာဝန် ခေါ်ကြတယ်။ အခု ကျန်းမာရေးက ပြန်ကောင်းနေပြီး၊ အမေကတော့ စိတ်ကခုထိခပ်မာမာပဲလို့ ဖော်ပြချက်တွင်သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဝင်းထဲက ပြတင်းပေါက် ခြောက်ပေါက်သာပါတဲ့ အိမ်မှာ အပူဒဏ်ကို ခံနေရသလို ပြတင်းပေါက်တွေကိုကာဖို့ ခန်းစီးခြောက်စ တောင်းတဲ့အခါမှာလည်း ထောင်အာဏာပိုင်တွေ ဘက်က သုံးစသာ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့ အမှု ၁၃ မှုအတွက် ဆက်လက် တရားရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

Soure: RFA

SHARE THIS NEWS

OTHER NEWS